DVB Logo
Home
မြန်မာသတင်း
မက်ဂွဲယားအနေဖြင့် အုပ်စုပွဲမကစားနိုင်လျှင် ရှုံးထွက်အဆင့်ကစားရန် မထိုက်တန်ဟု နည်းပြပြော
DVB
·
June 17, 2021
မက်ဂွဲယားအနေဖြင့် အုပ်စုပွဲမကစားနိုင်လျှင် ရှုံးထွက်အဆင့်ကစားရန် မထိုက်တန်ဟု  နည်းပြပြော
Donate to DVB

အင်္ဂလန်နောက်ခံလူ မက်ဂွဲယားအနေနဲ့ အုပ်စုပွဲစဉ်တွေမှာ ဒဏ်ရာကြောင့်မကစားနိုင်ခဲ့ရင် ရှုံးထွက်ပွဲတွေကစားဖို့ ထိုက်တန်မှုမရှိဘူးလို့  အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြော ပါတယ်။ 

မက်ဂွဲယားဟာ ဒဏ်ရာမသက်သာသေးတာကြောင့် ခရိုအေးရှားနဲ့ပွဲကို လွဲချော်ခဲ့ပြီး သော ကြာနေ့မှာကစားမယ့် စကော့တလန်နဲ့ပွဲမှာလည်းပါဝင်ကစာနိုင်ဖွယ်မရှိပါဘူး။ 

“ဟယ်ရီမက်ဂွဲယားရဲ့ ပထမဆုံးပွဲစဉ်ကရှုံးထွက်ပွဲစဉ်မှာ မဖြစ်သင့်ပါဘူး။ စကော့တလန် ဒါမှာမဟုတ် ချက်နဲ့ ပွဲတွေမှာ သူမကစားနိုင်ဘူးဆိုရင်တော့ ဒီပြိုင်ပွဲမှာ သူ့ကိုမြင်တွေ့ရဖို့ ခက်ခဲနိုင်ပါတယ်။ စတုန်းစ်နဲ့ မင်စ်နဲ့ ပဲ ဆက်ပြီး ပွဲထွက်စေသင့်ပါတယ်။ ပွဲမတိုင်ခင်ကတော့ သူတို့အတွဲကိုကြည့်ပြီး ထိပ်တန်းအသင်းတွေနဲ့ ဆိုရင် စိုးရိမ်ရနိုင်တယ်လို့ထင်စရာရှိခဲ့တာပါ။ ခရိုအေးရှားနဲ့ပွဲကိုကြည့်မယ်ဆိုရင် ထရုန်းမင်စ်  အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး အရေးပါခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်” လို့ ဂယ်ရီနဗီးလ်ကသုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ 

အင်္ဂလန်အတွက် ၃၂ ပွဲ ကစားပေးထားတဲ့ မက်ဂွဲယားဟာလေ့ကျင့်ခန်းပြန်ဆင်းနေပြီ ဖြစ်ပေမယ့် ပွဲကစားနိုင်လောက်တဲ့ ကြံ့ခိုင်မှုရှိမလားဆိုတာ စောင့်ကြည့်ရမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013