DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ကို အဂတိမှုဖြင့် တရားစွဲ
DVB
·
June 16, 2021
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ကို အဂတိမှုဖြင့် တရားစွဲ
Donate to DVB

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဒေါ်မိုးမိုးစုကြည်တို့ကို အကြမ်းဖက်စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့  အမှုဖွင့်အရေးယူလိုက်ကြောင်း ဇွန်လ ၁၅ မှာ ကြေညာပါတယ်။

ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ ရာထူးရှိစဉ်  ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း လှူဒါန်းရရှိငွေ ကျပ်၂၃၉ သန်းကျော်ကို စာရင်းမဖွင့်လှစ်ဘဲ ရုံးခန်းအတွင်းရှိ မီးခံသေတ္တာ နှစ်လုံးမှာထားရှိသုံးစွဲခဲ့ပြီး ကုမ္ပဏီပိုင်ရှင်တစ်ဦးက မြေဧက ၂၀၀ ကျော်အား လုပ်ကိုင်ခွင့်ရရှိလို့ပေးတဲ့ မော်တော်ယာဉ်တစ်စီးကိုတံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒါ့အပြင်လျှပ်စစ်လမ်းမီး လုပ်ငန်းကို တင်ဒါမခေါ်ဘဲ ငွေကျပ်သန်း ၂၀၀၀ ခန့် တန်ဖိုးရှိ လုပ်ငန်း ၁၅ ခုကို ကုမ္ပဏီတစ်ခုတည်းသို့ လုပ်ကိုင်ခွင့်ပြုခဲ့တာတွေကြောင့်   အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ပဲခူးမြို့မ ရဲစခန်းမှာ ဇွန်လ ၁၅ ရက်က  ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ် တရားစွဲ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ဟာလည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် လှူဒါန်းကောက်ခံရရှိတဲ့ ငွေကျပ် ၁၄၇ သိန်းကျော်အနက် ငွေကျပ် သိန်း ၈၀ ကျော်ကို သုံးစွဲခဲ့ပြီး လက်ကျန်ငွေကျပ် ၆၆ သိန်းကျော်ကို ကိုယ်ကျိုး အလွဲသုံးစားခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဒါ့အပြင် လှည်းကူးကိုဗစ်စင်တာအတွက် ခင်မင်ရင်းနှီးသူတစ်ဦးကို အစားသောက်ပေးသွင်းခွင့်ပြုပြီး  ၁၆ သိန်းတန် ဆမ်ဆောင်း ဖုန်းတစ်လုံးလက်ခံရယူခဲ့တယ်လို့လည်းစွပ်စွဲထားပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဒေါ်မိုးမိုးစုကြည်တို့ကို အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထားတာဖြစ်ပြီး အခုစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့  ကာယယံရှင်တွေဘက်က ပြန်လည်တုံ့ပြန်ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013