DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင် တိုက်ပွဲများ ယာယီရပ်ဆိုင်း
DVB
·
June 15, 2021
ကယားပြည်နယ်တွင် တိုက်ပွဲများ ယာယီရပ်ဆိုင်း
1 / 2
Donate to DVB

ကယားပြည်နယ်အတွင်းမှာ ထိုးစစ်တွေ ယာယီရပ်ဆိုင်းထားမယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ဇွန်လ ၁၅ ရက် ဒီနေ့နေ့စွဲနဲ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။  

KNDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြောင့် ကယားပြည်နယ်ထဲမှာ မြို့၊ ရွာ၊နေအိမ်တွေ များစွာထိခိုက်ပျက်စီးပြီး စစ်ဘေးရှောင် ပြည်သူ ၁ သိန်းကျော်ရှိလာပြီးနောက်မှာ ထိုးစစ်ဆင်မှု ယာယီရပ်ဆိုင်းသွားမယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။

ဒေသတွင်းရှိ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ ၊ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့  နှစ်ဖက်တိုက်ပွဲတွေ ယာယီရပ်ဆိုင်းထားစေလိုတာကြောင့်  KNDF ဘက်က ဒီအစီအစဉ်ကို လက်သင့်ခံပြီး ထိုးစစ်တွေယာယီရပ်ဆိုင်းထားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမဲ့လည်း  KNDF အနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်မှု တွေကို နည်းမျိုးစုံနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

ပြည်သူတွေအနေနဲ့ စည်းလုံးညီညွတ်မှု၊ ပြင်ဆင်မှုနဲ့ လုံခြုံရေးသတိရှိကြဖို့လည်း KNDF တပ်ဖွဲ့က အသိပေးနှိုးဆော်ထားပါတယ်။ 

ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF  ကို ဖွဲ့စည်းပြီး အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ခဲ့ကြရာမှာ ၃ လခန့်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ 

ဒီအတောအတွင်း စစ်ကောင်စီဘက်က စစ်တပ်အင်အားတွေ အလုံးအရင်းနဲ့စေလွှတ်တိုးမြှင့်ကာ လေကြောင်းကရော မြေပြင်ကပါ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာကြောင့် ဘာသာရေးအဆောက်အဦတွေ မြို့ရွာနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်သူ ၁ သိန်းကျော် စစ်ဘေးရှောင်ခဲ့ရပါတယ်။ 

စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှု‌ကြောင့်  ကယားပြည်နယ်မှာ မတ်လ ၁၉ ရက်မှ  ဇွန်လ ၁၁ ရက်အထိ  ကျဆုံးခဲ့ရသူပေါင်း အနည်းဆုံး အယောက်  ၅၀ ရှိတယ်လို့ UKSY ကရင်နီပြည်လူငယ်များသမဂ္ဂက ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေရပ်ထားပြီးနောက် ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်ပြည်သူအချို့ အိမ်ပြန်လာကြရာမှာ မိမိနေအိမ်တွေ မီးလောင်ပျက်စီးနေတာ၊ ဖောက်ထွင်းခံထားရတာတွေကို တွေ့ရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေက လူမသိ၊သူမသိ သတ်ဖြတ်ထားတဲ့ ရုပ်လောင်းတွေကိုလည်း ဒီးမော့ဆိုမြို့နယ်မှာ တွေ့ခဲ့ရတယ်လို့လည်း UKSY ကထုတ်ပြန်ထားပါတယ်။

Photo Credit- D-PDF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013