DVB Logo
Home
မြန်မာသတင်း
တွန်းဇံမြို့နယ်တွင် ကိုဗစ်-၁၉ လူနာ ၂၀၀ ကျော် စစ်ဆေးတွေ့ရှိ၊ အနည်းဆုံး ၆ ဦးသေဆုံး
DVB
·
June 14, 2021
တွန်းဇံမြို့နယ်တွင် ကိုဗစ်-၁၉ လူနာ ၂၀၀ ကျော် စစ်ဆေးတွေ့ရှိ၊ အနည်းဆုံး ၆ ဦးသေဆုံး
Donate to DVB

ချင်းပြည်နယ်အစွန်အဖျားက တွန်းဇံမြို့နယ်၊ ကျီခါးမြို့မှာ ကိုဗစ်-၁၉  အတည်ပြုလူနာ အယောက် ၂၀၀ ကျော် စစ်ဆေးတွေ့ထားပြီး အနည်းဆုံး ၆ ယောက် သေဆုံးသွားပြီးလို့ မြို့မိမြို့ဖတယောက်က ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းအင်အား နည်းပါးပြီး သွားလာရေးကလည်း ခက်ခဲတာကြောင့် တနယ်လုံးကို မစစ်ဆေးနိုင်ဘဲ အနီးအနားရွာတွေမှာ ကိုဗစ်လက္ခဏာရှိသူတွေ အခု ပိုတိုးလာတယ်လို့ သိရပါတယ်။

“အမြန်စစ်ကိရိယာ(Rapid Test Kit)နဲ့ စစ်တာ။ မနေ့ကအထိ ၂၀၆ ယောက်ရှိတယ်။ ဆေးရုံမှာက ၄ ယောက် ရှိတယ်။ ကျန်တဲ့သူတွေကိုတော့ အိမ်မှာပဲ နေခိုင်းထားတယ်။ သေဆုံးသူက ၄ ယောက်။ ဒါကလည်း ဆေးရုံမှာသေတာ။ မြို့ထဲမှာ သူ့ဘာသာ ဆုံးသွားတဲ့သူတွေကိုတော့ မစစ်ရတော့ မသိဘူး” လို့ မြို့မိမြို့ဖတယောက်က ပြောပါတယ်။

လက်ရှိမှာတော့ ကျီခါးမြို့ အပါအဝင် အနီးအနား ရွာ ၄ ရွာကို အဝင်အထွက် ကန့်သတ်ထားပါတယ်။

“တခြားရွာတွေမှာလည်း လက္ခဏာဖြစ်နေသူတွေရှိတယ်။ သွားမစစ်တော့ ဘယ်လောက်ရှိတယ် ဆိုတာ မသိရဘူး။ ဆေးရုံမှာက သူနာပြု အပြာဝတ်တယောက်ရယ်၊ ကွန်ပေါင်ဒါတယောက်ရယ်၊ ဓာတ်ခွဲကျွမ်းကျင်တယောက်ရယ်ပဲ ရှိတာ။ အစကတော့ စစ်တပ်က အရိုးပါရဂူတယောက်ရယ်၊ မေ့ဆေးပါရဂူတယောက်ရယ် ရှိတယ်။ ကိုဗစ်ဖြစ်ပြီး တပတ်လောက်နေတော့ သူတို့လည်း အမိန့်အရဆိုပြီး ဟားခါးမြို့ကို ပြောင်းသွားတယ်” လို့လည်း ပြောပါတယ်။

မြို့ပေါ်က အားကစားခန်းမှာ အရေးပေါ်ဆေးခန်းတခု ဖွင့်ထားပြီး ကလေးမြို့က လုပ်အားပေးဆရာဝန်တယောက်နဲ့ ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

“PPE တို့ Mask တို့ကတော့ လှူထားတာတွေရှိတယ်။ လိုအပ်တာက အာဟာရ။ ဖျားရင်က အားပြတ်ပြီး လဲတာလေ။ အာဟာရဖြစ်မယ့်ဟာတွေက ရှားတယ်။ ဝယ်ဖို့ကလည်း မတတ်နိုင်ကြဘူး” လို့လည်း ဒေသခံက ပြောပါတယ်။

ကျီခါးမြို့မှာ ပြီးခဲ့တဲ့လကလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေ တွေ့ရှိခဲ့ပြီး တွန်းဇံမြို့နယ်မှာလည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013