DVB Logo
Home
မြန်မာသတင်း
မင်းတပ်နှင့် ကယားဒေသက စစ်ဘေးရှောင်များအတွက် Clean Yangon မှ ရေသန့်စက်လှူ
DVB
·
June 14, 2021
မင်းတပ်နှင့် ကယားဒေသက စစ်ဘေးရှောင်များအတွက် Clean Yangon မှ ရေသန့်စက်လှူ
1 / 2
Donate to DVB

သောက်သုံးရေ အခက်အခဲကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေရှိရာ  မင်းတပ်နဲ့ ကယားဒေသတွေကို Clean Yangon အဖွဲ့က ရေသန့်စက်တွေ လှူဒါန်းခဲ့ပါတယ်။

ဒီအခက်အခဲကြောင့် စစ်ဘေးရှောင်ဒေသတွေမှာ ဝမ်းရောဂါတွေ အဖြစ်များနေပြီး ဒါကို တဖက်တလမ်းက ပြေလည်စေဖို့အတွက် Clean Yangon စေတနာ့ဝန်ထမ်းတွေက စေတနာရှင်တွေကိုယ်စား စစ်ဘေးရှောင်စခန်းတွေဆီ ကိုယ်တိုင်ကိုယ်ကျ ပေးလှူခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မင်းတပ်ကို ရေသန့်စက် ၆ လုံး၊ ကယားကို ရေသန့်စက် ၆ လုံး ပထမအကြိမ်အဖြစ် ပေးလှူထားပြီး လိုအပ်နေတဲ့ ရေသန့်စက်တွေ၊ ရေသန့်ဆေး ဝါးတွေကို ဆက်လက်လှူဒါန်းပေးသွားမယ်လို့ ဆိုပါတယ်။

လတ်တလော အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေကြောင့် ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ ဒေသခံပြည်သူတွေဟာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ သောက်သုံးရေနဲ့ ကျန်းမာရေးအ‌ထောက်အပံ့ပစ္စည်းတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့အတူ ရန်ကုန်မြို့တော်သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက်စွန့်ပစ်အမှိုက်အသိပညာပေးရေး လှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်လေးကာလ ကူညီကယ်ဆယ်ရေးလုပ် ငန်းတွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

       လက်ရှိမှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကြောင့် ဒေသတွင်း မတည်ငြိမ်မှုတွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေကို တဖက် တလမ်းကနေ ကူညီပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013