စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မရဲစခန်းက ရဲတပ်သားရှီထောက်ဟာ ဇွန်လ ၁၂ ရက်နေ့က အကြမ်းမဖက် အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်ပြီး ပြည်သူနဲ့ ပူးပေါင်းလိုက်ပါတယ်။
စစ်အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့လို့ ပြည်သူနဲ့အတူ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ အာဏာအပြည့်အဝရမှသာ ပြန်လည်တာဝန်ထမ်းဆောင်မယ်လို့ CDM ပြုလုပ်တဲ့ ရဲတပ်သားရှီထောက်က ရေးသားထားပါတယ်။
မေလ ၂၂ ရက်နေ့က နန့်စီပွန်မှာ ကေအိုင်အေက ဝင်ရောက်တိုက်ခိုက်ကာ ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရပြီးနောက် အခု ခန္တီးရဲစခန်းမှာ ရဲတပ်သား တစ်ယောက် ပထမဆုံး CDM ပြုလုပ်တာ ဖြစ်ပါတယ်။