DVB Logo
Home
မြန်မာသတင်း
စစ်ဘေးဒဏ်သင့် ကရင်နီပြည်သူများအတွက် ဆန်တအိတ်ကျပ် ၃၈,၀၀၀ ဖြင့် လှူဒါန်းနိုင်
DVB
·
June 11, 2021
စစ်ဘေးဒဏ်သင့် ကရင်နီပြည်သူများအတွက် ဆန်တအိတ်ကျပ် ၃၈,၀၀၀ ဖြင့် လှူဒါန်းနိုင်
Donate to DVB

လတ်တလော အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေ အတွက် စားနပ်ရိက္ခာအကူအညီတွေပေးအပ်ဖို့ Clean Yangon အဖွဲ့က နှိုးဆော်နေပါတယ်။

ခုတခါမှာတော့ ဆန်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကြားသိရတဲ့အတွက် ဆန်တအိတ်ကို ကျပ် ၃၈,၀၀၀ နဲ့ အိတ် ၁၀၀ စာလှူဒါန်းမှာမို့ အလှူရှင်တွေအနေနဲ့ ငွေကျပ် ၅,၀၀၀၊ ၁၀,၀၀၀ စသဖြင့် နိုင်သလောက် ပါဝင်ကူညီနိုင်ဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

      Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ အတူ ရန်ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက် အသိပညာပေးရေး လှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေပါတယ်။

  ကယားပြည်နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေ တိုက်ပွဲတွေ အရှိန်အဟုန်နဲ့ ဆက်လက်ဖြစ်ပွားနေပြီး ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

      လတ်တလော ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ကယားပြည်နယ်မှာ လူဦးရေ ၁ သိန်းလောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အိုးအိမ်စွန့်ခွာရသူ အများ စုဟာ ကယားပြည်နယ်နဲ့ ထိစပ်ရာ ရှမ်းပြည်နယ်တောင်ပိုင်းက ဘေးကင်းလုံခြုံရာနယ်ခံ တွေနဲ့ သစ်တောတွေထဲမှာ ခိုလှုံနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက မတရားစစ်အာဏာသိမ်းမှုကို ပြည်သူတရပ်လုံးက လက်မခံပဲ ဆန့်ကျင်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၄ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013