DVB Logo
Home
မြန်မာသတင်း
သီပေါ၊ ၀မ်လီ့ကျေးရွာ ရှမ်းအမျိုးသမီးခေါင်းဆောင်အပါအဝင် ၄ ဦးကို SSPP/SSA ကဖမ်းဆီး
DVB
·
June 9, 2021
သီပေါ၊ ၀မ်လီ့ကျေးရွာ ရှမ်းအမျိုးသမီးခေါင်းဆောင်အပါအဝင် ၄ ဦးကို SSPP/SSA ကဖမ်းဆီး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ၀မ်လီ့ကျေးရွာနေ ရှမ်းအမျိုးသမီး ခေါင်းဆောင်အပါအ၀င် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA)တပ်ဖွဲ့က ဇွန်လ ၈ ရက်မနက်က လာရောက်ဖမ်းဆီးသွားကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

နယ်မြေခံ SSPP/SSA တပ်ဖွဲ့၀င်တွေက ကား ၄ စီးနဲ့ ရောက်လာပြီး တချိန်တည်း လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ရွာသား ၄ ယောက်ဟာ  RCSS/SSA တပ်ဖွဲ့နဲ့ နီးစပ်သူတွေ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ 

လတ်တလော SSPP/SSA တပ်ဖွဲ့နဲ့ RCSS/ SSA ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့အကြား ပိုင်နက်နယ်‌‌မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီးပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေကာ နှစ်ဖက်ဝန်းရံထောက်ခံသူတွေကို အပြန်အလှန်ဖမ်း‌ဆီးမှုတွေလည်း ရှိခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေ နေရပ်ပြန်ရောက်လာနိုင်သူ‌တွေရှိသလို အပြီးတိုင်နေအိမ်နဲ့ ခွဲခွာသွားရသူတွေလည်း ရှိပါတယ်။

SSPP/SSA နဲ့ RCSS/SSA တပ်တွေကြား လက်ရှိဖြစ်ပွားနေတဲ့ ကျေးသီးမြို့နယ် အတွင်းက တိုက်ပွဲ‌ကြောင့် ပြည်သူလူထု  ၁၀၀၀ လောက် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013