DVB Logo
Home
မြန်မာသတင်း
စစ်တပ်လက်အောက်ခံ စိန်ကျော့ဌာနေပြည်သူ့စစ်အဖွဲ့ SSPP/SSA နှင့် လာ‌ရောက်ပူးပေါင်း 
DVB
·
September 6, 2024
စစ်တပ်လက်အောက်ခံ စိန်ကျော့ဌာနေပြည်သူ့စစ်အဖွဲ့ SSPP/SSA နှင့် လာ‌ရောက်ပူးပေါင်း 
1 / 6
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်က စစ်ကောင်စီလက်အောက်ခံ  စိန်ကျော့ဌာနေ ပြည်သူ့စစ်အဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ ပြန်လည်ပူးပေါင်းလိုက်ပြီလို့  အဖွဲ့အစည်းပြန်ကြာရေးသတင်းမှာ ထုတ်ပြန်ပါတယ်။ 

စိန်ကျော့ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးလွယ်မောဝ်း ဦးဆောင်တဲ့ အဖွဲ့ဝင်တွေဟာ လက်နက်အပြည့်အစုံနဲ့  ဝမ်ဟိုင်းဌာနချုပ်ကို ရောက်ရှိလာစဉ် SSPP/SSA  ဥက္ကဌ ဗိုလ်ချုပ်ကြီး ပန်ဖ က အိုးစည်ဗုံးမောင်းတွေနဲ့အတူ ကြိုဆိုခဲ့ပါတယ်။ 

စိန်ကျော့ဌာနေပြည်သူ့စစ်ကြိုဆိုပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက် မနက် ၈ နာရီက ကျင်းပခဲ့ပြီး SSPP/SSA နာယက (၁) ဗိုလ်ချုပ်ကြီး ဆေထင်က စည်းလုံးညီညွတ်ခြင်းနဲ့ ရန်သူကို တိုက်ထုတ်ဖို့  အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

စိန်ကျော့ပြည်သူ့စစ်ခေါင်းဆောင်ကလည်း SSPP/SSA နဲ့ သူတို့ဟာ ယခင်က ရှမ်းပြည်တပ်မတော် SSA မှာ တဖွဲ့တည်းဖြစ်ခဲ့တယ်၊ မြန်မာစစ်တပ်ရဲ့ ဖိအားနဲ့ တွန်းပို့မှုတွေ ကြောင့် ၃ ကြိမ် အဖွဲ့ကွဲသွားခဲ့ရပြီး အခုလိုပြန်လည်စုစည်းရတဲ့အပေါ် ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပါတယ်။ 

လက်နက်နဲ့ လာရောက်ပူးပေါင်းတဲ့ စိန်ကျော့ပြည်သူ့စစ်ကို SSPP/SSA ဘက်က ထောက်ပံ့ ကြေးငွေ ကျပ်သိန်း ၄၀၀ ကျော် အပ်နှင်းခဲ့တယ်လို့ ဆိုပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၀၉ ခုက အစိုးရဟာ လက်နက်ချအလင်းဝင်ခဲ့သော၊ အပစ်ခတ်ရပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို  အစိုးရလက်အောက်ခံ ဌာနေပြည်သူ့စစ် ဒါမှမဟုတ် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ဖိအားပေးခဲ့ပါတယ်။ 

အဲဒီထဲမှာ ရှမ်းပြည်မြောက်ပိုင်း စိန်ကျော့ဒေသက ရှမ်းပြည်တပ်မတော် SSA ထဲမှာလည်း အချို့က ဌာနနေပြည်သူ့စစ်အသွင်ပြောင်းခဲ့ရပြီး အချို့က လက်မခံဘဲ တော်လှန်ရေးအဖွဲ့အဖြစ် ဆက်လက်တည်ရှိခဲ့ပါတယ်။ 

SSA တပ်မဟာ ၃ ဟာ စိန်ကျော့ဒေသနဲ့ SSA တပ်မဟာ ၇ ဟာ ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိဒေသတို့မှာ ဌာ‌နေ ပြည်သူ့စစ်အသွင်ပြောင်းခဲ့ပြီး တပ်မဟာ ၁ က တပ်မှူး ဗိုလ်ချုပ်ကြီး ပန်ဖ ကတော့  လက်မခံဘဲ လက်အောက်ငယ်သားတွေနဲ့အတူ SSPP/SSA  အနေနဲ့ ဝမ်ဟိုင်းမှာအခြေစိုက်ပြီး  အစိုးရကိုပြန်တော်လှန်ခဲ့ပါတယ်။ 

SSPP/SSA ဟာ UWSA ဝတပ်ဖွဲ့ ဦးဆောင်တဲ့ FPNCC ပြည်ထောင်စုနိုင်ငံရေ ဆွေးနွေး ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်လည်းဖြစ်ပါတယ်။ 

၂၀၂၃ နှစ်ကုန်ပိုင်းက မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီအရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အပါအဝင် တပ်စခန်းအ တော်များများကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ အဲဒီထဲမှာ စိန်ကျော့ဒေသအနီးရှိ စစ်ကောင်စီစခန်းလည်း ကျသွားပါတယ်။  လက်ရှိ သီပေါမှာလည်း TNLA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်နေပါတယ်။ 

ကိုးကား - SSPP Info

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013