DVB Logo
Home
မြန်မာသတင်း
MAI နှင့် Air KBZ လေကြောင်းခရီးစဉ်များ ပြည်တွင်း ၆ မြို့နယ်ကိုပျံသန်းမှု ရပ်ဆိုင်း
DVB
·
June 8, 2021
MAI နှင့် Air KBZ လေကြောင်းခရီးစဉ်များ ပြည်တွင်း ၆ မြို့နယ်ကိုပျံသန်းမှု ရပ်ဆိုင်း
Donate to DVB

ကိုဗစ်-၁၉ ကြောင့် မြန်မာပြည်တွင်း မြို့နယ် ၆ မြို့နယ်ကို  လာမယ့် ဇွန် ၁၅ ရက်နေ့ထိ MAI နဲ့ Air KBZ လေကြောင်းခရီးစဉ်တွေပျံသန်းပြေးဆွဲမှု  ယာယီရပ်ဆိုင်းထားတယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

အဲဒီမြို့နယ် ၆ ခုကတော့ တာချီလိတ်၊ ကလေး၊ ကျိုင်းတုံ၊ ထားဝယ်၊ မြိတ်နဲ့ ကော့သောင်း ခရီးစဉ်တွေဖြစ်ပြီး မေ ၂၉ ရက်ကနေ ဇွန် ၁၅ ရက်နေ့အထိ ရပ်ဆိုင်းလိုက်တာပါ။

လေကြောင်းလိုင်းထုတ်ပြန်ချက်ထဲမှာတော့ အာဏာပိုင်တွေက ထပ်မံထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်ဖို့ သွားလာမှုကန့် သတ်ထိန်းချုပ်ရေး အမိန့်လမ်းညွှန်ချက်အရ ခုလိုရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့  လေယာဉ်ဆီ အခက်အခဲကြောင့် ပြည်တွင်းလေကြောင်းလိုင်းတွေ မပျံသန်းတာလို့လည်း သတင်းတွေထွက်နေပါတယ်။ 

မြန်မာနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၁၄၄,၄၅၆ ယောက်၊ သေဆုံးသူ ၃,၂၂၇ ယောက်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူပေါင်း ၁၃၂,၅၂၅ ယောက်ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013