DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က ကန်ထရိုက်စီးပွားရေးလုပ်ငန်းရှင်များ အခက်ကြုံ
DVB
·
June 5, 2021
ရခိုင်ပြည်နယ်က ကန်ထရိုက်စီးပွားရေးလုပ်ငန်းရှင်များ အခက်ကြုံ
Donate to DVB

စစ်အာဏာရှင်လက်ထက် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်မှာ ကန်ထရိုက် လုပ်ငန်းရှင်တွေဟာ ဘဏ်တွေမှာ ငွေကြေး အကန့်အသတ်နဲ့သာထုတ်ယူခွင့်ရတာကြောင့် ငွေကြေးလည်ပတ်မှု မရှိတော့တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လာနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ 

သံတွဲက လုပ်ငန်းရှင် ဦးထွန်းသန့်ကျော်က “တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ ဘာဆက်လုပ်ရမလဲ။ လုပ်ငန်းလုပ်ရမှာလား၊ မလုပ်ရဘူးလား မေးတဲ့အခါ ပုံမှန်ဆက်လုပ်ပါလို့ ပြောတယ်။ ပုံမှန်အတိုင်း ထုတ်ပေးပါမယ်လို့ ပြောတယ်။ အဲဒီတော့ ကျနော်တို့က ယုံယုံယုံကြည်နဲ့ ဆက်လုပ်တာပေါ့။ အခုကျတော့ ကျပ်သိန်း ၁၀၀ ကနေ တပတ်ကို သိန်း ၃၀ ပဲပေးတော့တယ်။ ကျနော်တို့အတွက် ဒီသိန်း ၃၀ က ဆင့်ပါးစပ်ကိုနှမ်းပက်သလို ဖြစ်နေတယ်။ အခုက ဒီအတိုင်းသွားမယ်ဆိုရင် ကားသမားတွကအစ ပိုက်ဆံမပေးနိုင်ဘူး။ ပန်းရန်သမားတွေဆိုလည်း မပေးနိုင်ဘူး။ အဲဒီတော့ ဒေသခံ အလုပ်သမားတွေကအစ စားဝတ်နေရေး ခက်ခဲလာကြပြီ။” လို့ ပြောပါတယ်။  

ဒီအခြေအနေကို ကူညီဖြေရှင်းပေးဖို့ သံတွဲခရိုင်အတွင်း လုပ်ငန်းရှင်တွေ စုပေါင်းအစည်းအဝေးတရပ် ပြုလုပ်ပြီး အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုသွားဖို့ ဒေသခံ လုပ်ငန်းရှင်တွေက စီစဉ်နေပါတယ်။ 

“ကျနော်တို့က တခုခုလုပ်မှ ထူးခြားတော့မယ်။ ဒါကြောင့် ဒီ တရက်၊ နှစ်ရက်အတွင်း လုပ်သွားမယ်။ ကျနော်တို့က အစည်းအဝေးလုပ်ပြီးတော့ စာတင်မလား၊ ဆန္ဒပြမလား၊ ဒီနှစ်ခုကို ကျနော်တို့ ဆုံးဖြတ်သွားမယ်။”လို့ လုပ်ငန်းရှင်   ဦးထွန်းသန့်ကျော်ကပြောပါတယ်။

ရခိုင်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်အများစုဟ ဒေသခံတိုင်းရင်းသားတွေဖြစ်ကာ မိမိဒေသ ဖွံ့ဖြိုးတက်ရေးအတွက် တနိုင်တပိုင်လုပ်ကိုင်နေကြသူတွေ ဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့  လုပ်ငန်းလည်ပတ်နိုင်အောင် လုပ်ဆောင်ပေးသင့်တယ်လို့လည်း ဆိုပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက် တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်မှာတော့ တခြားတိုင်းနဲ့ပြည်နယ်တွေမှာထက်စာရင်  တည်ငြိမ်အေးချမ်း နေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013