DVB Logo
Home
မြန်မာသတင်း
လိုအပ်ပါက လက်နက်ကိုင်တော်လှန်ရန်အသင့်ရှိဟု ဟားငါးကောင်လူရွှင်တော်အဖွဲ့ပြော
DVB
·
June 4, 2021
လိုအပ်ပါက လက်နက်ကိုင်တော်လှန်ရန်အသင့်ရှိဟု ဟားငါးကောင်လူရွှင်တော်အဖွဲ့ပြော
Donate to DVB

ပြည်သူဘက်ကရပ်တည်ကာ အနုပညာနဲ့တော်လှန်ရေးလုပ်နေသလို လိုအပ်ရင် လက်နက်ကိုင်ဖို့ အသင့်ရှိတယ်လို့ ဟားငါးကောင်လူရွှင်တော်အဖွဲ့က ပြောဆိုလိုက်ပါတယ်။

ဟာသလူရွှင်တော် တိုင်းကျော်၊ ပြည်ကျော်၊ တိုးကျော်၊ ဝိုင်းကျော်နဲ့ပိုးလေးတို့ပူးပေါင်းထားတဲ့ ဟားငါးကောင်အဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတစ်ခုကိုရောက်နေကြတာပါ။

နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့အတူတသားထဲရပ်တည်ပြီး ပြည်သူတွေဦးဆောင်တဲ့အနောက်မှာ ဟားငါးကောင်အဖွဲ့ကလိုက်မယ်လို့ ဆိုကြပါတယ်။

အနုပညာသမား တွေဖြစ်တဲ့အတွက် အနုပညာနဲ့တော်လှန်ရေးလုပ်နေသလို လိုအပ်ရင် လက်နက်ကိုင်ဖို့လည်းအသင့်ရှိတယ် လို့ဆိုကြပါတယ်။ ပြည်သူကျွေးတာစားပြီး ပြည်သူ့ဘက်ကမရပ်တဲ့ အနုပညာရှင်တွေကတော့ လိပ်ပြာလုံဖို့လို တယ်လို့ ဟားငါးကောင်အဖွဲ့ ဝင် လူရွှင်တော် တိုးကျော်က ပြောပါတယ်။

နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကိုတော်လှန်တဲ့ ပြည်သူတွေကို စစ်ကောင်စီကအကြမ်းဖက်ခဲ့သလို ပြည်သူဘက်ကရပ်တဲ့ အနုပညာသမားတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဟားငါး ကောင်အဖွဲ့ဟာ စစ်ကောင်စီကလိုက်လံဖမ်းဆီးတာကြောင့် တောထဲကိုတိမ်းရှောင်လာရသလို မိသားစုဝင်တွေဟာ လည်း ခြိမ်းခြောက်တာခံနေရတယ်လို့ ဆိုပါတယ်။

ဟားငါးကောင်အဖွဲ့ကတော့ တော်လှန်ရေးအောင်နိုင်မယ်ဆိုတာ အပြည့်အဝယုံကြည်နေပြီး ပြည်သူ့ လက်ထဲကအာဏာကို ပြည်သူကမပေးဘဲ ဘယ်သူကမှ လုယူလို့မရဘူးလို့  လူရွှင်တော် ပိုးလေးက ပြောပါတယ်။

ဟားငါးကောင်အဖွဲ့ကို ဦးသိန်းစိန်အစိုးရလက်ထက်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဦးသိန်းစိန်အစိုးရနဲ့ အန်အယ်လ်ဒီအစိုးရတွေကို ပြက်လုံးတွေထုတ်ခဲ့တဲ့ လူရွှင်တော်အဖွဲ့ဖြစ်ပါတယ်။

အခုစစ်အာဏာရှင်လက်ထက်မှာလည်း အနုပညာ အလုပ်တွေကို ဆက်လုပ်မှာဖြစ်ပြီး စစ်အာဏာရှင်ကို ပြက်လုံးထုတ်ဖို့ အဆင်သင့်ရှိနေတယ်လို့ အဖွဲ့ဝင်တွေက ဆိုကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013