DVB Logo
Home
မြန်မာသတင်း
ဝမ်တိန်ဂိတ် အဝင်၊ အထွက် ပြောင်းလဲသတ်မှတ်သဖြင့် မြန်မာကုန်တင်ကားများ ပြန်လှည့်ရ
DVB
·
June 2, 2021
ဝမ်တိန်ဂိတ် အဝင်၊ အထွက် ပြောင်းလဲသတ်မှတ်သဖြင့် မြန်မာကုန်တင်ကားများ ပြန်လှည့်ရ
Donate to DVB

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဝမ်တိန်ဂိတ်ကို  အဝင်၊ အထွက်  ပုံစံ​ ပြောင်းလဲ သတ်မှတ်လိုက်တာကြောင့် မြန်မာဘက်က ကုန်တင်ကားတွေ ပြန်လှည့်ရတယ်လို့ ဒေသခံကုန်သည်တွေထံ သိရပါတယ်။ 

“၀မ်တိန်ဘက် မြန်မာကားတွေ အ၀င်ပိတ်မယ်လို့ကြားလို့ မြန်မာကားဆရာတွေ နောက်ကြောင်းပြန်လှည့်နေရတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မြန်မာဘက်မှ တရုတ်နိုင်ငံကို ကုန်တင်ပို့ဖို့ စီတန်းနေတဲ့ ကားတွေ ဝင်မရလို့ ပြန်လှည့်လာရတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

နယ်စပ် ဂိတ် အဝင်၊ အထွက်ကို လိုအပ်ချက်အရ ဇွန်လ ၅ ရက်နေ့က စပြောင်းလဲ သတ်မှတ်မယ်လို့ ဝမ်တိန်အုပ်ချုပ်ရေးဌာနဘက်ကလည်း ထုတ်ပြန် စာထုတ် အသိပေးထားပါတယ်။

လာမယ့် ဇွန်လ ၅ ရက်ကနေ စပြီး ဝမ်တိန် နှစ်နိုင်ငံ နယ်စပ် အဝင်၊ အထွက် ဂိတ်မှ တရုတ် နံပါတ် တပ်ဆင်ထားတဲ့ ကားတွေကိုသာ  တရုတ်နိုင်ငံထဲ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး ပြန်လည်ထွက်ခွာခွင့် ရပ်ဆိုင်းထားမယ်လို့ဆိုပါတယ်။

 Export ကုန်ကားတွေအားလုံးကို နှစ်နိုင်ငံ ဝင်၊ ထွက် ဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့မှသာ ဝင်ရောက်၊ ထွက်ခွာခွင့်ပြုကာ ခါလီကားတွေကိုတော့ ဝမ်တိန်ဂိတ်မှလည်း ထွက်ခွာခွင့်ပြုသွားမှာဖြစ်ကြောင်း ထုတ်ပြန်စာမှာ ပါရှိပါတယ်။

“ဝမ်တိန်ဂိတ် ပိတ်တာတော့ မဟုတ်ဘူး။ တစ်နှစ်လုံး ပိတ်မယ်လို့ ပြောနေတာပဲ။ စာလည်း ထုတ်နေတာပဲ။ မပိတ်ဘူး။ ပုံစံတော့ နည်းနည်း ပြောင်းသွားတာပေါ့နော်။ အထွက်ပဲ ပေးတာ” လို့ စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံမှ မနန်းခမ်းခင်က ပြောပါတယ်။

ကျယ်ဂေါင်၊ ရွှေလီမှာ နေထိုင် အလုပ်လုပ်သူ ကိုကိုကျော်သက်က “၀မ်တိန် ဂိတ်ပေါက် အ၀င်၊ အထွက် ပိတ်ရင် ကျယ်ဂေါင်က လူတွေ ဘယ်လို လုပ်ကြမလဲ။ ဇွန်လ ၅ ရက်နေ့ဆိုရင် မန်ဝိန်းလည်းပိတ်၊ ၀မ်တိန်လည်းပိတ်၊ ဘယ်မှ ပစ္စည်းပို့မရရင် ဘာမှလုပ်မရဘူး” လို့ ပြောပါတယ်။

ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် ဟင်းသီးဟင်းရွက် ပို့ဆောင်မယ့် ကားတွေကိုတော့ အရေအတွက် ကန့်သတ်ပြီး ဝင်၊ ထွက်ခွင့်ပြုမှာ ဖြစ်ကြောင်း၊ လုပ်ငန်းရှင်တွေ လိုက်နာ ဆောင်ရွက်ကြဖို့နဲ့ အဆင်မပြေပါက လုပ်ငန်းရှင်တွေ ကိုယ်တိုင် ဖြေရှင်းရမှာ ဖြစ်ကြောင်း စာထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ ကြောင့် နှစ်နိုင်ငံ လူဝင်၊ ထွက်ဂိတ်ဖြစ်တဲ့ မူဆယ်မြို့နန်းတော် ပေါက်နဲ့ ဆင်ဖြူပေါက်ကို နှစ်နိုင်ငံ အကျဉ်းသားလွှဲတာမှအပ ၂၀၂၀ ကတည်းက အဝင်အထွက် ပိတ်ထားတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ အဓိက ကုန်သွယ်စီးဆင်းရာဖြစ်တဲ့ မန့်ဝိန်းဂိတ်ကိုတော့ ၂၀၂၁ မတ်လကုန်ပိုင်းကစ အဝင်၊ အထွက် ပိတ်လိုက်ကာ တရုတ်ဘက်ခြမ်း ပိတ်မိနေတဲ့ ကုန်တင်ကားတွေကို ၂ ကြိမ် ထွက်ခွာခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

ကျင်စန်းကျော့နဲ့ ဝမ်တိန်ဂိတ်တွေကနေ  မြန်မာ့ ပင်လယ်ထွက်ကုန်နဲ့ သစ်သီးတွေကို အဓိက တင်ပို့နေတာဖြစ်ပါတယ်။

Photo : KKKTh

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013