DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်ကတင်ပို့သည့် သစ်သီးကားများကို တရုတ်ဘက်က စစ်ဆေးမှုဖြေလျှော့
DVB
·
June 2, 2022
မြန်မာဘက်ကတင်ပို့သည့် သစ်သီးကားများကို တရုတ်ဘက်က စစ်ဆေးမှုဖြေလျှော့
Donate to DVB

မြန်မာ-တရုတ်နယ်စပ်၊ တရုတ်ဘက်ခြမ်း ဝမ်တိန်ကနေ တရုတ်ပြည်မထဲကို ထွက်ခွာမယ့် သစ်သီးတင်ကားတွေကို ဇွန် ၁ ရက်ကစပြီး တရုတ်ဘက်က စစ်ဆေးမှု ဖြေလျှော့ပေးလိုက်တယ်လို့ မြန်မာ့သစ်သီးတင်ပို့တဲ့ ကုန်သည်တွေက ပြောပါတယ်။

မြန်မာဘက်ကနေ တရုတ်ပြည်ကို သစ်သီးတင်ပို့နေတဲ့ ကုန်သည်တဦးက "တရုတ်ပြည်ထဲက ရောင်းကွင်းကနေပြီးတော့ အသီးကားတွေ ထွက်လို့ရှိရင် အရင်တုန်းကဆိုရင် ရှန်ဟိုင်းတို့၊ ပေကျင်းတို့ သွားလို့ရှိရင် ဆေးစစ်ရတယ်။ အခုက ဆေးမစစ်ရတော့ဘူး။ တခါတည်း တန်းထွက်လို့ရတယ်" လို့ ပြောပါတယ်။

တရုတ်နိုင်ငံဘက်မှာလည်း ကိုဗစ်ဒဏ်ကြောင့် စီးပွားရေး အကြပ်ရိုက်လာလို့ ကိုဗစ်စည်းကမ်းတွေကို တဖြည်းဖြည်း ဖြေလျှော့လာတယ်လို့ ဆိုပါတယ်။

နယ်စပ်ကုန်သည်တဦးက "တရုတ်နိုင်ငံတွင်းမှာလည်း လော့ခ်ဒေါင်းတွေ ဖြေလျှော့ပေးနေပါတယ်။ မြန်မာကားတွေကိုလည်း ဝင်ခွင့်ပေးသလို ပြန်ထွက်ရတာလည်း အဆင်ပြေနေပါတယ်" လို့ ပြောပါတယ်။

တရုတ်ဘက် အလွယ်တကူ ဝင်လို့ရရင် အချိန်တိုအတွင်းရောက်နိုင်ပြီး သစ်သီးအရည်အသွေး ပိုကောင်းလာကာ ဈေးကောင်းလည်း ရနိုင်တယ်လို့ သစ်သီးကုန်သည်တဦးက ပြောပါတယ်။

"အရင်တုန်းက ဆေးစစ်မှုတွေနဲ့ ဘာတွေနဲ့ဆိုတော့ အချိန်တွေက ကြာမြင့်တယ်လေ။ ကြာမြင့်တော့ ဒီဘက်မှာကျတော့ ပြန်ဝင်မယ့် ဝယ်လက်တွေကလည်း မဝင်ရဲသေးဘူးလေ။ ဆေးစစ်တာနဲ့ ဘာနဲ့။ ဆေးကျလို့ရှိရင်လည်း ၃ ရက်လောက် ကွာရန်တင်းဝင်ရတယ်လေ သရက်သီးကားတွေ။"

တရုတ်ဘက်က ဖြေလျှော့မှုတွေကြောင့် မြန်မာဘက်ကလည်း အရောင်းအဝယ်တွေ နည်းနည်းသွက်နိုင်ပြီး ဈေးကောင်းရဖို့ မျှော်လင့်တယ်လို့ မြန်မာကုန်သည်တွေက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လော့ခ်ဒေါင်သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံရဲ့ အဓိက စီးပွားရေးမြို့တော်တခုဖြစ်နဲ့ ရှန်ဟိုင်းမြို့ကိုလည်း ဇွန် ၁ ရက် ညသန်းခေါင်မှာ ဖြေလျှော့လိုက်ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013