DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၂ ဦးအပါအဝင် ၅ ဦး အသတ်ခံရ၊ သူနာပြု ၁ ဦး ဒဏ်ရာရ
DVB
·
June 1, 2021
ဂန့်ဂေါမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၂ ဦးအပါအဝင် ၅ ဦး အသတ်ခံရ၊ သူနာပြု ၁ ဦး ဒဏ်ရာရ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှာ မေလ ၃၁ ရက်နေ့ ညနေပိုင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ ဦး၊ ကျောင်းဆရာမနဲ့ သူနာပြုအပါအဝင်  ၅ ယောက် အသတ်ခံခဲ့ရပြီး သူနာပြု ၁ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီအသတ်ခံရတဲ့ဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုမှာ မပါဝင်ဘဲ ဂန့်ဂေါမြို့ကနေ လစာထုတ်ပြီး ပြန်လာရာ ညနေ ၆ နာရီကျော်လောက်က ရဲလှရွာလမ်းခွဲမှာ အသတ်ခံခဲ့ရပြီးတော့ ကားတစ်စီးလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အသတ်ခံရတဲ့သူတွေကတော့ သင်တောရွာက အ.လ.က ကျောင်းဆရာမ ဒေါ်ခင်မျိုးတင့်၊ သူနာပြုဆရာမ မသီတာဝင်း၊ ရပ်ကျေးစာရေး ကျော်မျိုးနိုင်၊ အုပ်ချုပ်ရေးမှူး ဦးစိန်ဦး၊ ဟံသာဝတီအုပ်ချုပ်ရေးမှူး ဦးတာလူးတို့ ဖြစ်ပြီးတော့ သူနာပြုဆရာမ မသဲမာထွေးကတော့ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ် ရဲလှရွာနဲ့ မွှေ့လယ်ရွာကြားမှာ ပြီးခဲ့တဲ့မေလ ၂၈ ရက်နေ့ကလည်း ယောဒေသ (PDF) အဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီးတော့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ရဲလှရွာသား ၃ ယောက်ကို သတ်ဖြတ်ခဲ့ပြီး နေအိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013