DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကြောင့် တိုင်းပြည်ကဏ္ဍစုံပျက်စီးပြီး ပြည်တွင်းစစ်မီးဟုန်းဟုန်းတောက်စေဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော
DVB
·
May 27, 2021
စစ်ကောင်စီကြောင့် တိုင်းပြည်ကဏ္ဍစုံပျက်စီးပြီး ပြည်တွင်းစစ်မီးဟုန်းဟုန်းတောက်စေဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော
1 / 2
Donate to DVB

မြန်မာနိုင်ငံရဲ့ ကဏ္ဍစုံ ပျက်စီးယိုယွင်းကျဆင်းနေတာက စစ်ကောင်စီရဲ့ နည်းမမှန်တဲ့ စီမံအုပ်ချုပ်ခြင်းကြောင့်ဖြစ်ပြီး လက်ရှိနိုင်ငံရေး အကျပ်အတည်းကို အကြမ်းဖက်နည်းနဲ့ ဖြေရှင်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ပြည်တွင်းစစ်မီးကို ဟုန်းဟုန်းတောက်လောင်စေနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားလိုက်ပါတယ်။

မေလ ၂၇ ရက် ဒီကနေ့စတင်ကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ရဲ့ ၁၆ ကြိမ်မြောက်အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

စစ်ကောင်စီကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာညှိုးနွမ်းပြီး မျက်နှာငယ်ရတဲ့ အဖြစ်ကိုရောက်နေပြီး အများရဲ့ ဖယ်ကြဉ်ခြင်းကိုလည်း ခံနေရတယ်လို့ဆိုပါတယ်။

အာဆီယံရဲ့ဘုံသဘောတူချက် ၅ ချက်ကိုလည်း စစ်ကောင်စီဘက်က အခုချိန်ထိ ပူးပေါင်းဆောင်ရွက်မှုမပြုတာကနိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ရေးကို အဟန့်အတားပြုလုပ်တာဖြစ်တယ်လို့လည်း ဝေဖန်ပြောဆိုပါတယ်။ 

အာဏာသိမ်းမှုကြောင့် ပြည်သူ ၈၀၀ ကျော်သေဆုံးပြီး ၅၀၀၀ ကျော်ဥပဒေမဲ့ ဖမ်းဆီးခံခဲ့ရတာကိုကြည့်ရင် နိုင်ငံတကာနဲ့အဖွဲ့အစည်းပေါင်းစုံရဲ့တောင်းဆိုမှုတွေကို စစ်ကောင်စီ ဘက်က မထေမဲ့မြင် မျက်ကွယ်ပြုတာလို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ရဲ့ ၁၆ ကြိမ်မြောက်အစည်းအဝေးကို ဒီကနေ့ မေလ ၂၇ ရက်ကနေ မေလ ၂၈ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013