DVB Logo
Home
မြန်မာသတင်း
ကမ္ဘာအနှံ့ရှိ သံဃာတော်များက စစ်အာဏာရှင်ဆန့်ကျင် Alms-bowl လှုပ်ရှားမှုပြုလုပ်
DVB
·
May 26, 2021
ကမ္ဘာအနှံ့ရှိ သံဃာတော်များက စစ်အာဏာရှင်ဆန့်ကျင် Alms-bowl လှုပ်ရှားမှုပြုလုပ်
1 / 15
Donate to DVB

စစ်အာဏာရှင်တော်လှန်ဆန့်ကျင်နေကြတဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်ပြသတဲ့ အနေနဲ့ ကမ္ဘာအနှံ့ရှိ သံဃာတော်တွေက Alms-bowl လှုပ်ရှားမှုကို လုပ်ဆောင်နေကြပါတယ်။

ရဟန်းသံဃာတော်တွေ၊ ဘုန်းတော်ကြီးတွေ၊ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့  သပိတ်ကို မှောက်ကိုင်ထားတဲ့ဓာတ်ပုံ ဒါမှမဟုတ်   လက်သုံးချောင်းသင်္ကေတနဲ့ မိမိကိုယ်ကို ဓာတ်ပုံရိုက်ပြီး (hashtags) #Sangha4Myanmar တွဲကာ လူမှုကွန်ရက်မှာတင်ပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။ 

ဒီလှုပ်ရှားမှုကို  ဒတ်ခ်ျလူမျိုး ဘိက္ခူနီဝိမလ Vimala မှ စတင်ခဲ့တာဖြစ်ပြီး Global Myanmar Volunteers အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းတွေက ဝိုင်းဝန်းအကောင်အထည်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ 

ဒတ်ခ်ျလူမျိုး ဘိက္ခူနီဝိမလ “ကျမနာမည်ကို ပေးခဲ့တဲ့ မြန်မာ၊ အဲဒီမှာ တွေ့ကြုံခဲ့ရတဲ့ လှပပြီး ကြင်နာတတ်တဲ့လူတွေရှိတဲ့ မြန်မာနိုင်ငံအကြောင်း သတင်းတွေကြောင့် အထူးပဲ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ မြန်မာပြည်သူတွေနဲ့ရပ်တည်ပြီး မြန်မာပြည်သူတွေအတွက် တတ်နိုင်တာလုပ်ပေးချင်တယ်” လို့ပြောကြားခဲ့ပါတယ်။

Alms-bowl လှုပ်ရှားမှုကို မေလ ၉ ရက်မှ ၂၆ ရက်အထိပြုလုပ်ရာမှာ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ အမေရိကန်၊ ယူကေ၊ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ နယ်သာလန် အပါအဝင် တခြားနိုင်ငံတွေက သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာအသိုက်အဝန်းက ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013