
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ကျောက်ဆောင်ရွာမှာ မေလ ၂၅ ရက် ညနေပိုင်း အကြမ်းဖက်စစ်အုပ်စုက ကားအဖြူနှစ်စီးနဲ့ စစ်သားအပြည့်တင်ဆောင်ပြီး အငြိမ်းစားဆရာမ ဒေါ်ခင်အုန်းမြင့်ကို ဖမ်းဆီးသွားပါတယ်။
ဖမ်းဆီးခံရတဲ့ဆရာမဟာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှာ နာယက တစ်ဦးဖြစ်ပြီး ကိုဗစ်-၁၉ ကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှာလည်း ဘဏ္ဍာရေးမှူးအဖြစ် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ဆရာမကို ဘာကြောင့် ဖမ်းဆီးတာလဲဆိုတာ မသိရဘဲ အကြမ်းဖက်စစ်အုပ်စုက ဆရာမနေထိုင်ရာ ရပ်ကွက်အတွင်းက စာကြည့်တိုက်ပါမကျန်ဝင်မွှေသွားပြီး အနားက သဲကျောက်ဆောင်ရွာမှာပါ ဝင်ရှာဖွေသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။