DVB Logo
Home
မြန်မာသတင်း
Frontier Myanmar မဂ္ဂဇင်း၏ မန်နေဂျင်းအယ်ဒီတာ အမေရိကန်နိုင်ငံသား ဖမ်းဆီးခံရ
DVB
·
May 24, 2021
Frontier Myanmar မဂ္ဂဇင်း၏ မန်နေဂျင်းအယ်ဒီတာ အမေရိကန်နိုင်ငံသား ဖမ်းဆီးခံရ
Donate to DVB

ပြည်တွင်းအခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Frontier Myanmar မဂ္ဂဇင်းမှာ မန်နေဂျင်းအယ်ဒီတာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်နိုင်ငံသား တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။

အယ်ဒီတာ ဒန်နီဖန်စတာဟာ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူကို ထွက်ခွာဖို့ အချိန်ပိုင်းအလိုလောက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူ့ကို အင်းစိန်ထောင်ကို ပြောင်းရွှေ့ခေါ်ဆောင်သွားတာ ဖြစ်နိုင်တယ်လို့ သတင်းဌာနအနေနဲ့ ယူဆကြောင်း ထုတ်ပြန်ထားပါတယ်။

သတင်းဌာနအနေနဲ့ မနက်ပိုင်းကတည်းက သူနဲ့ အဆက်အသွယ်မရတော့ဘဲ သူ့ကို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကိုလည်း မသိရဘူးလို့ ဆိုပါတယ်။ Frontier Myanmar သတင်းဌာနအနေနဲ့ သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပြီး ဘေးကင်းလုံခြုံမှုရှိစေဖို့နဲ့ သူလိုအပ်တဲ့ ဘယ်လိုအကူအညီကိုမဆို ပေးဖို့အတွက် အလေးပေးစေလိုကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်အာဏာသိမ်းမှု ၃လခွဲကျော် ရှိလာခဲ့ချိန်မှာ ရဲနဲ့ စစ်တပ်အင်အားစုတွေရဲ့ ပစ်မှတ်ထား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းသမားတွေ၊ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ် ရာရရှိတာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေ၊ သေဆုံးမှုတွေလည်း ပိုမိုမြင့်တက်နေပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီက မြန်မာသတင်းမီဒီယာသမား ၄၀ ကျော်ကို ဖမ်းဆီးထားပြီး  အများစုကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားကာ ပြည်မြို့ အခြေစိုက် ဒီဗွီဘီ သတင်းထောက် ကိုမင်းညိုကိုတော့ ပုဒ်မ ၅၀၅ (က) နဲ့ မေလ ၁၂ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။

Photo: Frontier Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013