DVB Logo
Home
မြန်မာသတင်း
အမာမြို့တွင် ကျောင်းပြန်ဖွင့်ရန် ပြင်ဆင်နေမှု ပြည်သူများဝေဖန်
DVB
·
May 22, 2021
အမာမြို့တွင် ကျောင်းပြန်ဖွင့်ရန် ပြင်ဆင်နေမှု ပြည်သူများဝေဖန်
1 / 5
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် အမာမြို့မှာ မေလ ၂၂ ရက်နေ့ မနက်ပိုင်းကစတင်ကာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဆရာ ဆရာမတွေ စုပေါင်းပြီး ကျောင်းပြန်ဖွင့်ဖို့ ပြင်ဆင်နေတဲ့အပေါ် ပြည်သူတွေက ဝေဖန်နေကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေကို မတရား သတ်ဖြတ်တာတွေရှိနေတဲ့အချိန်မှာ ကျောင်းတွေပြန်ဖွင့်ဖို့ ပြင်ဆင် နေတဲ့အပေါ် ဒေသခံတွေက ဝေဖန်နေကြတာပါ။

ပြည်သူတဦးက "ဒါကတော့ ခုချိန်မှာလုံးဝမဖြစ်သင့်ဘူး။ ပြည်သူတွေအများကြီး အသတ်ခံနေရတဲ့အချိန်မှာ ခုလို ကျောင်းပြန်ဖွင့်ဖို့လုပ်တာတွေ၊ ပြင်ဆင်နေတာတွေနဲ့ ကျောင်းသားတွေကို စည်းရုံးတာဟာ လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ ဆရာ ဆရာမတွေလို့ ပြောဖို့တောင် ခက်ပါတယ်'' လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝှမ်းက စာသင်ကျောင်းတွေကို ပြန်ဖွင့်ဖို့အတွက် မေလ ဒုတိယပတ်ကစတင်ကာ သန့်ရှင်းရေးလုပ်တာတွေနဲ့ ပြင်ဆင်တာတွေပြုလုပ်လာခဲ့ကြတာပါ။

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ လူငယ်တွေနဲ့ ပြည်သူတွေကတော့ ကျောင်းမတက်ဘဲ ကျောင်းပျက်ဖို့အတွက် လှုံ့ဆော်တာတွေ နေ့စဥ်ပြုလုပ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013