DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအရေးတက်ကြွသူ ဒေါ်မျိုးမျိုးအေး မိသားစုနှင့် တွေ့ခွင့်မရ
DVB
·
May 22, 2021
အလုပ်သမားအရေးတက်ကြွသူ ဒေါ်မျိုးမျိုးအေး မိသားစုနှင့် တွေ့ခွင့်မရ
Donate to DVB

ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံရပြီး အင်းစိန်ထောင်ရောက်နေတဲ့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ STUM ရဲ့ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးကို အချိန်တစ်လကျော်ကြာတဲ့အထိ မိသားစုက တွေ့ခွင့်မရသေးဘူးလို့ အမျိုးသားဖြစ်သူ ဦးအောင်လွင်လတ်က ပြောပါတယ်။

“အင်းစိန်ထောင်ရောက်ကတည်းက မမျိုးကိုမတွေ့ရသေးဘူး။ သူ့အတွက်ပို့ပေးတဲ့ ဆီးချိုဆေးတွေလည်း သူ့ဆီမရောက်သေးဘူးလို့ ပြောတယ်။” 

ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဧပြီ ၁၅ ရက်နေ့မှာဖမ်းဆီးခဲ့ပြီး ဧပြီ ၁၆ ရက်နေ့မှာ ရွှေပြည်သာမြို့မရဲစခန်း ဒုရဲမှူးတင်မောင်လွင်က တရားလိုပြုလုပ်ပြီး ၅၀၅(က)နဲ့ တ ရားစွဲခဲ့တာဖြစ်ပါတယ်။ ဧပြီ ၂၀ရက်နေ့မှာတော့ ဒေါ်မျိုးမျိုးအေးကို ရဲစခန်းအချုပ်ကနေ အင်းစိန်ထောင်ကို ပို့ခဲ့ပါတယ်။

မေလ ၂၀ရက်နေ့က ထောင်တွင်းတရားရုံးမှာ ဒေါ်မျိုးမျိုးအေးကို ၅ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး မေလ ၂၇ ရက်နေ့မှာ နောက်ထပ်ရုံးချိန်း ထပ်ခေါ်ထားပါတယ်။ 

ဒေါ်မျိုးမျိုးအေးဘက်က အမှုလိုက်ဖို့ ရှေ့နေ ၅ ဦးအထိ ကိုယ်စားလှယ်လွှဲထားပြီး လတ်တလောမှာ တရားလိုနဲ့ လိုပြသက်သေတွေကို တရားရုံးက စစ်ဆေးနေပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်တဲ့သပိတ်တွေမှာ ပါဝင်ခဲ့တဲ့အတွက် ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013