DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း မြန်မာ့စီးပွားရေးဘဏ်များမှ CDM ဘဏ်ဝန်ထမ်း ၄၆ ဦး တာဝန်ယာယီရပ်ဆိုင်းခံရ
DVB
·
May 19, 2021
ဧရာဝတီတိုင်း မြန်မာ့စီးပွားရေးဘဏ်များမှ CDM ဘဏ်ဝန်ထမ်း ၄၆ ဦး တာဝန်ယာယီရပ်ဆိုင်းခံရ
Donate to DVB

ဧရာဝတီတိုင်း‌ဒေသကြီးရှိ မြန်မာ့စီးပွားရေးဘဏ်များမှ CDM လုပ်ဆောင်နေတဲ့ ဘဏ်ဝန်ထမ်း ၄၆ ဦးကို တာဝန်မှယာယီရပ်ဆိုင်းကြောင်း မေလ ၁၇ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်လိုက်ပါတယ်။

ယာယီရပ်နားခံရတဲ့ ဝန်ထမ်းတွေကို နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်‌စေတဲ့ လှုပ်ရှားမှုမှာ ပါဝင်ခြင်း၊ လှုံ့ဆော်ခြင်း၊ အားပေးကူညီခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေအရ စတင်ပျက်ကွက်သည့်ရက်မှ စတင်ပြီး ဝန်ထမ်းအဖြစ်က ထုတ်ပယ်ကြောင်း ထုတ်ပြန်ထားတာပါ။

တာဝန်မှ ယာယီရပ်ဆိုင်းခံရသူတွေထဲမှာ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်ခရိုင်၊ ညောင်တုန်း၊‌ ဒေးဒရဲ၊ ဘိုကလေး၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ငပုတော၊ ဖျာပုံခရိုင်၊ ဟင်္သာတခရိုင်၊ လပွတ္တာ၊ အိမ်မဲ ဘဏ်ခွဲတွေက ကြီးကြပ်ရေးမှူး၊ ဒုကြီးကြပ်ရေးမှူး၊ အကြီးတန်းစာရေးနဲ့ ငွေကိုင်များ၊ အငယ်တန်းစာရေး စုစုပေါင်း ၄၆ ဦး ပါဝင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013