DVB Logo
Home
မြန်မာသတင်း
ထားဝယ်မြို့၌ ဖမ်းဆီးခံ အသက်မပြည့်သေးသည့်ကျောင်းသား ၂ ဦး အာမခံဖြင့် ပြန်လွတ်
DVB
·
May 19, 2021
ထားဝယ်မြို့၌ ဖမ်းဆီးခံ အသက်မပြည့်သေးသည့်ကျောင်းသား ၂ ဦး အာမခံဖြင့် ပြန်လွတ်
Donate to DVB

ထားဝယ်ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်တပ်က ကားနဲ့တိုက်ဖြိုခွဲပြီး ပြည်သူ ၆ ဦး အဖမ်းခံလိုက်ရတဲ့အထဲက အသက်မပြည့်သေးတဲ့ကျောင်းသား ၂ ယောက် မေလ ၁၈ရက်နေ့မှာ ပြန်လွတ်လာပါတယ်။

အသက်မပြည့်သေးလို့ ခံဝန်နဲ့ပြန်လွတ်လာတာ ဖြစ်ပြီး စွဲဆိုထားတဲ့အမှုတွေကိုတော့ ဆက်လက်ရင်ဆိုင်သွားရဦးမယ်လို့  သိရပါတယ်။ 

ထားဝယ်အထက်တန်းကျောင်းက တက္ကသိုလ်ဝင်တန်းကျောင်းသား ၁၆ နှစ်အရွယ် မောင်အာကာဟိန်းနဲ့ ထားဝယ်မြို့ စက်မှုလက်မှု အထက်တန်းကျောင်းသား အသက်၁၅နှစ်အရွယ် မောင်စိုင်းထက်တို့ဟာ  ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ၊ ၅၀၅ (ဂ) ၊ ပုဒ်မ ၁၄၅ တို့နဲ့ တရားစွဲဆိုခံထားရတာပါ။ 

မေလ ၁၇ ရက်နေ့ မနက်ပိုင်းက ထားဝယ်ပင်မသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး  အဖမ်းခံရသူ ၆ ယောက်စလုံးဟာ  အဆိုပါပုဒ်မသုံးခုစီနဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ မြောင်းပုလဲရပ်ကွက်၊ နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးခံရတဲ့ ကိုမျိုးမင်းထက်နဲ့ မအိအိတို့ ဇနီးမောင်နှံကတော့  သပိတ်စစ်ကြောင်းနဲ့ သက်ဆိုင်ခြင်းမရှိတဲ့အတွက် ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013