DVB Logo
Home
မြန်မာသတင်း
အသစ်ဆောက်နေသည့် ထားဝယ်အကျဥ်းထောင်အသစ်လုပ်ငန်းခွင်မှ ဘက်ဟိုး ၂ စီး မီးရှို့ခံရ
DVB
·
December 3, 2023
အသစ်ဆောက်နေသည့် ထားဝယ်အကျဥ်းထောင်အသစ်လုပ်ငန်းခွင်မှ ဘက်ဟိုး ၂ စီး မီးရှို့ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ထားဝယ်-ရေဖြူကားလမ်းမပေါ်မှာ အသစ်ဆောက်လုပ်နေတဲ့ အကျဥ်းထောင်အသစ်လုပ်ငန်းခွင်ကို ဒေသခံ PDF တပ်ဖွဲ့ဝင်တွေ ဒီနေ့မနက် ရောက်လာပြီး ဘက်ဟိုးယာဥ် ၂ စီးကို မီးရှို့သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၈ နာရီက အကျဥ်းထောင်အသစ်ဆောက်လုပ်နေတဲ့ ဇီးကျအရှေ့ဘက် ကားလမ်းမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဒေသခံ PDF တွေ ရောက်လာကာ အလုပ်သမားတွေကို နှင်ထုတ်ပြီး ဘက်ဟိုး ၂ စီးနဲ့ လူနေအဆောင်ကို မီးရှို့သွားတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"စစ်တပ်က ဆောက်နေတဲ့ အကျဥ်းထောင်အသစ် စီမံကိန်းမှာ ဒေသခံတွေကို မလုပ်ဖို့ပြောတယ်။ ရိုက်တာ နှက်တာမရှိဘူး။  အကျဥ်းထောင်အသစ် ဆက်ပြီး ဆောက်လို့မရအောင် လုပ်ငန်းခွင်ထဲက ပစွည်းတွေမီးရှို့သွားတယ်။" 

ထားဝယ်မြို့နယ်အထွက်မှာ အသစ်ဆောက်လုပ်နေတဲ့ ထားဝယ်အကျဥ်းထောင်အသစ် လုပ်ငန်းခွင်ထဲမှ ဘက်ဟိုး ၂ စီးကို PDF ပူးပေါင်းအဖွဲ့က မီးရှို့ကာ အလုပ်သမား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဒီနေ့မနက်မှာဖြစ်တာ၊ အကျဥ်းထောင်လုပ်ငန်းခွင်ကို တပ်က လုံခြုံရေးမပေးနိုင်ဘူး။ မနက်ကတော့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်သေးတယ်၊ ၂ ဦးအဖမ်းခံရတယ်၊ ဝန်ထမ်းမဟုတ်ဘူး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက အလုပ်သမားတွေ။" 

လက်တလောမှာ စစ်ကောင်စီတပ်ဟာ ဘုရားမဲစစ်ဆေးရေးဂိတ်ကို အင်အားဖြည့်တင်းထားပြီး စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကလည်း ထားဝယ်အကျဉ်းထောင်မှာ  ထောင်ဝန်ထမ်း ၂ ဦး အသတ်ခံရပြီး အကျဥ်းသား ၅ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013