DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံး ဒရော့ဗုံးဖြင့် တိုက်ခိုက်ခံရ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
December 29, 2025
တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံး ဒရော့ဗုံးဖြင့် တိုက်ခိုက်ခံရ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
Donate to DVB

ရွေးကောက်ပွဲမဲပေးတဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ထားဝယ်မြို့အခြေစိုက် တနင်္သာရီတိုင်းအစိုးရဖွဲ့ရုံး နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရုံး ဒရော့ဗုံးနဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်က တယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့မနက် ၈ နာရီဝန်းကျင်က တိုင်းအစိုးရအဖွဲ့ရုံး ဒရော့ဗုံး နဲ့ ပစ်ခတ်ခံရပြီး အဆိုပါပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်နဲ့ ရဲတွေအလုပ်ရှုပ်နေချိန်မှာ ကျောက်မော်ရပ်ကွက်က ခရိုင်အုပ်ချုပ်ရေးမှူးရုံး ထပ်မံတိုက်ခိုက်ခံရတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“၇ နာရီ ၄၅ မှာ အစိုးရအဖွဲ့ရုံး ၃ ထပ်အဆောင် ဒရော့ဗုံးနဲ့အပစ်ခံရတယ်။ စစ်သားတွေရော၊ ရဲတွေ၊ လူနာတင်ယာဥ်နဲ့ ထိတဲ့သူတွေ သယ်နေတဲ့အချိန်မှာ အာဇာနည်လမ်းက ခရိုင်အုပ်ချုပ်ရေးမှူးရုံး ထပ်ပြီး ဒရော့ဗုံးနဲ့အပစ်ခံရတာ တယောက်သေတယ်၊ ၂ ယောက်ဒဏ်ရာရတယ်။” 

ဒရော့ဗုံးနဲ့တိုက်ခိုက်ခံရမှုကြောင့် စရဖတပ်မှ တပ်ကြပ်ကြီးတယောက် သေဆုံးပြီး တိုင်းလဝက ဦးစီးမှူးတယောက်နဲ့ ဒုရဲအုပ်တယောက် ဒဏ်ရာရခဲ့တယ်လို့ အုပ်ချုပ်ရေး နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“တိုင်းအစိုးရအဖွဲ့ရုံး ဒရော့ဗုံးနဲ့ပစ်ခံရတဲ့အချိန်မှာ စရဖတပ်စိတ်က တပ်ကြပ်ကြီး မြင့်စိုး သေတယ်။ တိုင်းလဝက ဦးစီးမှူး နဲ့ ဒုရဲအုပ်တယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ တိုင်းဦးစီးမှူးက အခြေအနေမကောင်းဘူး။ ရွေးကောက်ပွဲနေ့မှာ ဖြစ်တာဆိုတော့ ကရခက စစ်အင်အားချက်ချင်းတိုးပေးပြီး ရွေးကောက်ပွဲကို ရအောင်လုပ်တယ်၊ အကုန်လုံး စိုးရိမ်စိတ်နဲ့ မဲပေးရတာ။” 

စစ်အုပ်စုက ပြုလုပ်တဲ့ ရွေးကောက်ပွဲပထမပိုင်းမှာ မြို့နယ် ၁၀ မြို့နယ်နဲ့ မြို့ပေါင်း ၁၈ မြို့ရှိတဲ့ တနင်္သာရီတိုင်းမှာ ထားဝယ်၊ ကော့သောင်း၊ ဘုတ်ပြင်းနဲ့ မြိတ်မြို့နယ်တို့မှာ ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။

ထားဝယ်မြို့နယ်မှာ ရွေးကောက်ပွဲပထမပိုင်း  ကြံ့ခိုင်ရေး၊ တစည၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေဆောင်ပါတီ နဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေ ဝင်ပြိုင်ကြတာပါ။

ထားဝယ်မြို့မှာ မြို့ပေါ်ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၅ စုနဲ့ ကျေးရွာပေါင်း ၁၀၆ ရွာရှိပြီး မဲရုံပေါင်း ၁၀၄ ရုံ၊ မဲရုံခွဲ ၈၅ ရုံရှိကာ မဲပေးရမယ့် ဦးရေ ၁၃၀,၀၀၀ နီးပါးရှိတယ်လို့ ဒေသန္တရအချက်အလက်တွေအရ သိရပါတယ်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံး နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရုံး ဒရော့ဗုံးနဲ့တိုက်ခိုက်ခံရတာဖြစ်စဥ်နဲ့ ပတ်

သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသလို လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကလည်း ထုတ်ပြန်တာမရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013