DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံပွဲ SNLD မတက်ရောက်
DVB
·
May 18, 2021
စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံပွဲ SNLD မတက်ရောက်
Donate to DVB

အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေရဲ့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို လာမယ့်သောကြာနေ့ မေလ ၂၁ ရက်နေ့  နေပြည်တော်မှာ ကျင်းပဖို့ရှိပါတယ်။ 

အဆိုပါအစည်းအဝေးကို တက်ရောက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ တိုင်းရင်းသားပါတီကြီးတွေအပါအဝင် နိုင်ငံရေးပါတီတွေအားလုံးကို ဖိတ်ကြားထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပေမဲ့  မတက်မယ့်ပါတီတွေလည်း ရှိပါတယ်။ 

အဲဒီထဲမှာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အမတ်ဦးရေ ၄၆ ဦးအနိုင်ရခဲ့တဲ့ ကျားခေါင်းပါတီ ခေါ် SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့တော့ ဖိတ်စာရပေမယ့် အစည်း အဝေးတက်မှာ မဟုတ်ဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ လက်ခံယုံကြည် ရည်မျှော်တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ထွန်းရေးနဲ့ လမ်းကြောင်းချင်း တူမနေဘူးလို့ ယူဆလို့ပါ”

SNLD ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်နဲ့ အစည်း အဝေးကိုလည်း တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ 

အာဏာသိမ်းစစ်ကောင်စီဟာ တစ်နှစ်အတွင်း ရွေးကောက်ပွဲပြန်လုပ်မယ်လို့ ကြေညာထား ပေမယ့် ယခင်စစ်အစိုးရတွေဟာလည်း ပြောထားတဲ့အတိုင်း ကတိမတည်ခဲ့ဘူးလို့ ပါတီပြောခွင့်ရက ဒီဗွီဘီကို ပြောခဲ့ဖူးပါတယ်။ 

SNLD ပါတီဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီမှာ  ပါဝင်ဖို့ ကမ်းလှမ်းတာခံခဲ့ရပေမယ့် ပါတီမူဝါဒနဲ့မကိုက်ညီတာကြောင့်  ငြင်းပယ်ခဲ့ပါတယ်။ CRPH ကော်မတီက ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရအဖွဲ့ထဲမှာလည်း ပါဝင်ခြင်းမရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရအဖွဲ့ထဲမှာပါဖို့ ကမ်းလှမ်းခြင်းခံရ မခံရကိုတော့မသိရပေမယ့် NUG ထဲမှာ NLD ပါတီက အများဆုံးပါဝင်နေတယ်လို့ ရှမ်းသံတော်ဆင့်သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013