DVB Logo
Home
Lead Story
အမေရိကန်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆ သိန်းကျော်၊ သိန်းချီသေဆုံးသည့် နိုင်ငံ ၈ နိုင်ငံထိ ရှိလာ
DVB
·
May 18, 2021
အမေရိကန်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆ သိန်းကျော်၊ သိန်းချီသေဆုံးသည့် နိုင်ငံ ၈ နိုင်ငံထိ ရှိလာ
Donate to DVB

အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ဟာ ၆ သိန်းကျော် ရှိလာခဲ့ပြီး ကမ္ဘာတဝန်း သိန်းချီသေဆုံးတဲ့ နိုင်ငံ ၈ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ် ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ၁၆၄ သန်းကျော် ရောဂါကူးစက်ခံရပြီး သေဆုံးသူအ ရေအတွက်ကတော့ ၃ ဒသမ ၄ သန်းနီးပါးနဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူ အရေ အတွက်ကတော့ ၁၄၂ ဒသမ ၆ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၃ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၆ သိန်းကျော် ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယ နိုင်ငံက ကူးစက်ခံရသူ ၂၅ သန်းကျော်၊ သေဆုံးသူ ၂ သိန်း ၇ သောင်းကျော်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

တတိယနေရာမှာတော့ ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅ ဒသ မ ၆ သန်းကျော်၊ သေဆုံးသူ ၄ သိန်း ၃ သောင်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ပြင်သစ်နဲ့ တူရကီနိုင်ငံတွေက ကူးစက်ခံရသူ ၅ သန်း ကျော်စီ၊ ရုရှား၊ ယူကေနဲ့ အီတလီနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်းကျော်စီ၊ စပိန်၊ ဂျာမနီ၊ အာဂျင်တီးနားနဲ့ ကိုလံဘီယာနိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ ပိုလန်၊ အီရန်၊ မက္ကဆီကိုနဲ့ ယူကရိန်းနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေတာ ဖြစ်ပါ တယ်။

အဲဒီနောက်မှာတော့ ပီရူး၊ အင်ဒိုနီးရှား၊ ချက်သမ္မတနိုင်ငံ၊ တောင်အာဖရိက၊ နယ်သာလန်၊ ကနေဒါ၊ ချီလီ၊ အီရတ်၊ ဖိလစ်ပိုင်၊ ရိုမေးနီးယား၊ ဘယ်လ်ဂျီယမ်နိုင်ငံ တွေနဲ့အတူ ဆွီဒင်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁ သန်း ကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ် မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်းကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၉၇ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါသန်းချီ ကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အီရတ်နိုင်ငံတွေပြီးရင် အစ္စရေးနဲ့ ပါကစ္စတန်နိုင်ငံတွေက ရောဂါကူးစက်ခံရသူ ၈ သိန်းကျော်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဂျော်ဒန်နိုင်ငံတွေက ၇ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၃,၀၆၅ ယောက်၊ သေဆုံးသူ ၃,၂၁၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၃၂,၁၁၅ ယောက်ရှိနေပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအ များဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၄ သိန်း ၇ သောင်းကျော်နဲ့ သေဆုံးသူ ၁,၉၄၇ ယောက် ရှိပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁ သိန်း ၁ သောင်းကျော်နဲ့ သေဆုံးသူ ၆၁၄ ယောက် ရှိနေပါ တယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်း ၁ ထောင် ကျော်နဲ့ သေဆုံးသူအရေအတွက် ၃၁ ယောက်ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂ သောင်း ၂ ထောင်ကျော်နဲ့ သေဆုံးသူ ၁၅၄ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၄,၃၅၉ ယောက်နဲ့ သေဆုံးသူအရေအတွက် ၃၇ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၃၂ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေ တာပါ။

လာအိုနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၁,၆၃၈ ယောက်နဲ့ သေဆုံးလူနာ ၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013