Homeမြန်မာသတင်း
သရုပ်ဆောင်ခါရာအပါအဝင် မြန်မာ့အရေးလှုပ်ရှာသူများ ကနေဒါရှိ စစ်အာဏာရှင်သံရုံးရှေ့၌ ဆန္ဒပြ (ဓာတ်ပုံ)
သရုပ်ဆောင်ခါရာအပါအဝင် မြန်မာ့အရေးလှုပ်ရှာသူများ ကနေဒါရှိ စစ်အာဏာရှင်သံရုံးရှေ့၌ ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
May 6, 2026

1 / 11
အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုကို ကနေဒါနိုင်ငံ မြို့တော် အော့တဝါမြို့ရှိ မြန်မာစစ်အာဏာရှင်ဩဇာခံ သံရုံးရှေ့မှာ ဒေသစံတော်ချိန် မေ ၄ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြပွဲမှာ ကနေဒါနိုင်ငံရှိမြန်မာ့အရေးလှုပ်ရှားသူတွေနဲ့အတူ တက်ကြွလှုပ်ရှားသူ သရုပ်ဆောင် မင်းသား ခါရာလည်း ပူးပေါင်းပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
မြန်မာအရေးလှုပ်ရှားသူတွေဟာ ကနေဒါ ဖယ်ဒရယ်ပါလီမန်ကိုလည်းသွားရောက်ခဲ့ကြပြီး လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ကာ မြန်မာစစ်အာဏာရှင်ကို ပိုမိုပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ပေးရေးနဲ့ ဒီမိုကရေစီရေးအတွက် စဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးရေးတို့ အတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုမှာ အော့တဝါ၊ တိုရွန်တို၊ မီဆီဆောဂါ၊ မွန်ထရီယယ်၊ လန်ဒန်၊ ကစ်ချနာ၊ ဝင်ဆာ၊ ဗောန်၊ ဂျော့ဂျ်တောင်း၊ ဘရန့်ဖို့ဒ်၊ ကွီဘက်၊ ဟာမီတန်စတဲ့ မြို့တွေအပါအဝင် ကနေဒါအနှံ့က မြန်မာ့အရေးလှုပ်ရှားတဲ့တိုင်းရင်းသားပြည်သူ ၁၀၀ ကျော် လာရောက်ပူးပေါင်းခဲ့ကြပြီး ခိုင်မာတဲ့ စည်းလုံးညီညွတ်မှုကို ပြသခဲ့ကြပါတယ်။










