DVB Logo
Home
မြန်မာသတင်း
ရခိုင်အခြေစိုက် DMG သတင်းဌာနက ၂ ဦး ပုဒ်မ-၅၀၅(က)ဖြင့် ထပ်မံတရားစွဲခံရ
DVB
·
May 13, 2021
ရခိုင်အခြေစိုက် DMG သတင်းဌာနက ၂ ဦး  ပုဒ်မ-၅၀၅(က)ဖြင့် ထပ်မံတရားစွဲခံရ
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် DMG သတင်းဌာနရဲ့ ဒုတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနဲ့ သတင်းထောက်မနှင်းနွယ်တို့ကို အာဏာသိမ်းစစ်တပ်က   ပုဒ်မ-၅၀၅(က)နဲ့ ထပ်မံ တရားစွဲဆိုလိုက်ပါတယ်။

စစ်တပ်မှ ဗိုလ်မှူးအဆင့်ရှိတစ်ဦးက စစ်တွေတရားရုံးမှာ ဦးတိုက်လျှောက်ကာ တရားစွဲဆိုထားတာကြောင့် မေလ ၁၀ ရက်နေ့က တရားရုံးကိုလာရောက်ဖို့ကို ရဲက အကြောင်းကြားလာခဲ့တယ်လို့ DMG သတင်းဌာနမှ Operation Mannager ကိုဇော်ဇော်က ပြောပါတယ်။

“ဒါက ရဲစခန်းမှာ ဖွင့်ထားတဲ့အမှုမဟုတ်ဘူးပေါ့။ တရားရုံးမှာ တပ်မတော်ကနေပြီးတော့ ဗိုလ်မှူးဘုန်းမြင့်ကျော်ဆိုတဲ့သူက ဦးတိုက်လျှောက်ထားတဲ့အမှုပေါ့၊ အဲဒီအမှုကို စစ်ဆေးဖို့အတွက် တရားရုံးကဆင့်ခေါ်တာပါ။ ဆင့်ခေါ်စာက ကျနော်တို့ လက်ထဲကို တိုက်ရိုက်ရောက်လာတာမဟုတ်ဘူး။ ရဲစခန်းကိုပဲ သူတို့ပို့တာ။ ရဲစခန်းကပဲ ကျနော်တို့ဆီကို အကြောင်းကြားလာတာ၊ အခုတရားရုံးကခေါ်တဲ့အမှုက တပ်မတော်ကိုအကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(က)နဲ့စွဲထားတဲ့အမှုအတွက်ခေါ်တာပေါ့၊ ရဲစခန်းမှာ ပထမအမှုဖွင့်ထားတာက ၆၆(ဃ)နဲ့ ကိုနေဝင်းစံနဲ့ နှင်းနွယ်တို့ နှစ်ယောက်ကို ဖွင့်ထားတာ၊ အဲဒီအမှုအတွက် ကျနော်တို့က အာမခံယူပြီးတော့ အဲဒီအမှုကိုရင်ဆိုင်မယ်၊ အဲဒီကြားထဲမှာ နောက်ထပ်တစ်မှုတိုးလာတာပေါ့၊ အခုလိုသတင်းထောက်တွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုတာတော့ မဖြစ်သင့်ဘူး” ။

ဇန်နဝါရီ ၁၀ ရက်နေ့က ကျောက်တော်မြို့နယ် မာလာကျေးရွာမှာ တပ်မတော်က စပါးတောင်း ၇၀၀ ယူဆောင်သွားတာကို ဒေသခံတွေရဲ့ ပြောကြားချက်အရ DMGသတင်းဌာနက သတင်းဖော်ပြခဲ့အတွက်သတင်းထောက်မနှင်းနွယ်နဲ့ ဒုတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံတို့ကို စစ်တပ်က တရားစွဲခဲ့တာပါ။

သတင်းသမား၂ ဦးကို ဇန်နဝါရီ ၂၂ ရက်က စစ်တွေမြို့အမှတ် (၂) ရဲစခန်းမှာ ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခဲ့သလို ဇန်နဝါရီ ၂၇ ရက်နေ့မှာ တပ်မတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(က)နဲ့ စစ်တပ်က ထပ်မံတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉  မေလကလည်း DMGသတင်းဌာနမှ အယ်ဒီတာချုပ်ဦးအောင်မင်းဦးကို သတင်းတပ်ဖွဲ့က တရားလိုပြုလုပ်ကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၂)နဲ့ အမှုဖွင့်လှစ်ခဲ့ပါတယ်။

ဒါ့အပြင် DMGသတင်းဌာနမှ မောင်တောအခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်းကိုလည်း လမ်းတံတားဦးစီးဌာနတာဝန်ရှိသူ တစ်ဦးကလည်း ဆက်သွယ်ရေးပုဒ်မ-၆၆(ဃ)နဲ့  မောင်တောရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013