DVB Logo
Home
မြန်မာသတင်း
တပ်မတော်ကအမှုဖွင့်ထားသည့် DMG သတင်းသမား ၂ ဦး အာမခံရရှိ
DVB
·
January 27, 2021
တပ်မတော်ကအမှုဖွင့်ထားသည့် DMG သတင်းသမား ၂ ဦး အာမခံရရှိ
1 / 5
Donate to DVB

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့  ရခိုင်အခြေစိုက် Development Media Group (DMG)  သတင်းဌာနမှ ဒုတာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက်တို့ကို အာမခံပေး လိုက်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၆ ရက် ညနေပိုင်းက  စစ်တွေမြို့ အမှတ် ၂ ရဲစခန်းမှာ အမှုကို စစ်ဆေးပြီးနောက် တစ်ဦးလျှင် ကျပ် ၁၅ သိန်းနဲ့ အာမခံပေးခဲ့တာဖြစ်ပါတယ်။

“ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ စပါးတောင်း ၇၀၀ ကို တပ်မတော်သားယူဆောင်သွားဟုဆို” ခေါင်းစဉ်နဲ့  ဇန်နဝါရီလ ၁၀ ရက်နေ့က ရေးသားဖော်ပြခဲ့လို့ တပ်မတော်ကို အသရေဖျက်တယ်ဆိုပြီး  အမှုဖွင့်ခံရတာဖြစ်ပါတယ်။

အဆိုပါသတင်းနဲ့ ပတ်သက်ပြီး DMG သတင်းဌာနရဲ့ ဒု-တာဝန်ခံအယ်ဒီတာကိုနေဝင်းစံနဲ့ သတင်းထောက် မနှင်းနွယ်တို့ကို  ဇန်နဝါရီလ ၂၂ ရက်နေ့မှာ  ဗိုလ်မှူးဘုန်းမြင့်ကျော်က စစ်တွေမြို့ အမှတ် (၂)နယ်မြေ ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခဲ့ပါတယ်။

DMG သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကိုလည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်က သတင်းတပ်ဖွဲ့က တရားလိုလုပ်ကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၂)နဲ့ စစ်တွေမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ဒါ့အပြင် မောင်တောအခြေစိုက် DMG သတင်းထောက် ကိုအောင်ကျော်မင်းကိုလည်း ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က လမ်းတံတားဦးစီးဌာနက တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ မောင်တောမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

Photo - Kaung Mrat Naing / MPA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013