DVB Logo
Home
မြန်မာသတင်း
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ စီးပွားကူးသန်းညွှန်မှူး သေနတ်ပစ်ခံရ
DVB
·
May 11, 2021
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ စီးပွားကူးသန်းညွှန်မှူး သေနတ်ပစ်ခံရ
Donate to DVB

မြန်မာ - တရုတ် နယ်စပ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ စီးပွားကူးသန်းဌာန ညွှန်မှူး ဦးမင်းအောင်အေးဟာ ဒီနေ့ မေလ ၁၁ ရက် ညနေ ၅ နာရီလောက်က သေနတ်နဲ့ ပစ်ခံရတယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်နဲ့ရဲတို့ လုံခြုံရေးအပြည့်ရှိနေတဲ့ ကုန်သွယ်ရေးဇုန်မှ မူဆယ်သို့ အပြန် ဇုန်ဝင်းထဲရှိ ရဲကင်းမရောက်ခင် ညွှန်မှူးစီးနင်းလာတဲ့ ကားကို တားပြီးအမည်မသိ သေနတ် သမားက ၄ ချက် ခန့် ပစ်ခတ်ရာ ဝမ်းဗိုက် နှင့် ညာ လက်  ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မူဆယ်မြို့ခံတစ်ဦးက "၅ နာရီခွဲလောက်မှာဖြစ်တာ။ ကုန်သွယ်ရေးဇုန် ရုံးကနေ ထွက်လာတာ ဂိတ်နံပါတ် ၄ ဘက်မှာ အထွက်မှာပဲ သူ့ကားကိုတားပြီး ရပ်တဲ့ အချိန်မှာ ပစ်ထည့် လိုက်တာ။ ကားပေါ်မှာ သူနဲ့ သူ့ တပည့် နှစ်ယောက်ပဲပါတာ။" လို့ ပြောပါတယ်။

ပစ်ခတ်မှုမှာ တံတောင်ဆစ်ကို တစ်ချက်၊ ဗိုက်ကို တစ်ချက် ကျည်ဆန်ထိမှန်ခဲ့တယ်လို့လည်း အမည်မဖော်လိုသူ မျက်မြင် တစ်ဦးက ပြောပါတယ်။

"ဒဏ်ရာက ပြင်းတယ်လို့လည်း ပြောလို့ရတယ်။ မပြင်းဘူး  လို့လည်းပြောလို့ရတယ်။ သတိတော့ကောင်းပါတယ်။ ကွတ်ခိုင်ဆေးရုံ လွှဲလိုက်ပြီ။" လို့ ဒဏ်ရာရသူနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

လက်ရှိ ကွတ်ခိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသနေပြီး  ဖြစ်စဉ် အသေးစိတ်ကို တာဝန်ရှိသူတွေက ဆက်လက် စုံစမ်း စစ်ဆေးနေပါတယ်။

Pra Jaw

Photo Crd# BTNQ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013