DVB Logo
Home
မြန်မာသတင်း
မိုးကုတ် ကင်းရွာက CDM ဆရာမအပါအဝင် ပြည်သူ ၁၀ ဦးဖမ်းဆီးခံရ
DVB
·
May 10, 2021
မိုးကုတ် ကင်းရွာက CDM ဆရာမအပါအဝင် ပြည်သူ ၁၀ ဦးဖမ်းဆီးခံရ
1 / 2
Donate to DVB

မန္တလေးတိုင်း မိုးကုတ်မြို့ ကင်းရွာမှာ မေလ ၁၀ ရက​် နေ့ခင်းပိုင်းက အကြမ်းဖက်စစ်အုပ်စုက ရွာထဲကိုဝင်လာပြီး CDM ဆရာမအပါအဝင် ပြည်သူ ၁၀ ဦးကို နေအိမ်မှာလာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကင်းရွာဟာ မိုးကုတ်မြို့နဲ့ မိုင် ၃၀ နီးပါး ဝေးကွာတဲ့ကျေးရွာတစ်ရွာဖြစ်ပြီး စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် သပိတ်စစ်ကြောင်းတွေထွက်နေတဲ့ ကျေးရွာဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ရွာထဲကိုအင်အားအလုံးအရင်းနဲ့ဝင်လာပြီး နေအိမ်တွေထဲထိ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကိုမသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013