
မန်ယူအသင်းဟာ တယောက်လျော့ စပါးအသင်းကို ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် နည်းပြ ကာရစ်ဟာ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
မန်ယူဟာ ရာသီအစ ၆ ပွဲမှာ ၆ မှတ်သာ ရရှိထားပြီး ဒါဟာ ၁၉၈၆ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး စတင်မှု ဖြစ်ပါတယ်။
အခုရလဒ်ကြောင့် မန်ယူဟာ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး တန်းဆင်းဇုန်နဲ့ ပိုမိုနီးကပ်လာတာ ဖြစ်ပါတယ်။
မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်ကတော့ ဒီနေ့ဟာ ကာရစ်အတွက် စိုးရိမ်စရာနေ့ ဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။
နည်းပြ ကာရစ်ကလည်း ရရှိထားတဲ့ အမှတ်ပမာဏအပေါ် ကျေနပ်မှုမရှိဘဲ အခြေအနေတွေကို အမြန်ဆုံး အပြုသဘောဆောင်အောင် ပြောင်းလဲရမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။











