ကနီမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ ပစ်သတ်ခံရသူအလောင်း ယနေ့မှသယ်ယူခွင့်ရ
DVB
·
May 8, 2021

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကင်းကျေးရွာအနီးမှာ တောသွားတဲ့ လူငယ်တစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက မေလ ၇ ရက်နေ့မှာ အကြောင်းမဲ့ ပစ်သတ်ခဲ့ပါတယ်။
အလောင်းသွားယူရာမှာလည်း သွားယူခွင့်မရခဲ့ဘဲ ဒီကနေ့ မေလ ၈ ရက်နေ့မှ သယ်ဆောင်ခွင့်ရခဲ့တာဖြစ်ပါတယ်။
သေဆုံးသူက ကင်းကျေးရွာနေ အသက် ၂၇ နှစ်အရွယ် ကိုကျော်သူစိုးဖြစ်ပြီး သူ့ရဲ့အလောင်းကိုတော့ ဒီနေ့ သင်္ဂြိုဟ်လိုက်ပြီဖြစ်ပါတယ်။