၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား အုပ်စု (I) ပွဲစဉ်အဖြစ် ပြင်သစ်အသင်းနဲ့ အီရတ်အသင်းတို့ အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယား အားကစားကွင်းမှာ ဇွန် ၂၂ ရက်ကကျင်းပခဲ့တာမှာ ပြင်သစ်အသင်းက အီရတ်ကို (၃-၀) ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့် ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
ပြင်သစ်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ တိုက်စစ်မှူး အမ်ဘာပေက ပွဲချိန် ၁၄ မိနစ်မှာ တဂိုး၊ ၅၄ မိနစ်မှာ တဂိုးသွင်းယူပေးခဲ့ပြီး ဒမ်ဘယ်လီက ပွဲချိန် ၆၆ မိနစ်မှာ တဂိုးသွင်းပေးခဲ့တာပါ။
ဒီပွဲမှာ မိုးသက်လေပြင်းတွေတိုက်ခတ်ပြီး ရာသီဥတုဆိုးရွားခဲ့တာကြောင့် ပထမပိုင်းအပြီး ပရိသတ်တွေပွဲကြည့်စင်တွေကနေ ထွက်ခွာသွားခဲ့ရကာ ဒုတိယပိုင်း ပြန်စဖို့ ပွဲနှောင့်နှေးကြံ့ကြာခဲ့ရ ပါတယ်။










