DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်မြို့သားအားလုံးနီးပါး Mask တပ်ဆင်ဟု စစ်တမ်းထွက်ရှိ
DVB
·
May 4, 2021
ဘန်ကောက်မြို့သားအားလုံးနီးပါး Mask တပ်ဆင်ဟု စစ်တမ်းထွက်ရှိ
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ တကျော့ပြန် မြင့်တက်နေတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နေထိုင်သူတွေရဲ့ ခန့်မှန်းချေ ၉၉ ဒသမ ၃၇ ရာခိုင်နှုန်းလောက်ဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ နှာခေါင်းစည်း Mask တွေတပ်ဆင်ကြတယ်လို့ သုတေသနစစ်တမ်းတခုက ဆိုပါတယ်။

ဒီသုတေသနစစ်တမ်းကိုတော့ ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုဝန်ကြီးဌာန၊ သီရိဒုံ နိုင်ငံတကာနည်းပညာတက္ကသိုလ်(SIIT)တို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြတာဖြစ်ကာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ နှာခေါင်းစည်း Mask တပ်ဆင်သွားလာမှုရှိမရှိ စောင့်ကြည့်ခဲ့ကြတယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

“ဘန်ကောက်ခရိုင် ၂၈ ခုက နေရာပေါင်း ၃၀ လောက်က လူပေါင်း ၁၁၈၉၄ ဦးဆီ က အချက်အလက်တွေကို ကျနော်တို့ ရယူစစ်တမ်းကောက်နိုင်ခဲ့ပြီးဖြစ်ပါတယ်”လို့  သီရိဒုံ နိုင်ငံတကာနည်းပညာတက္ကသိုလ်(SIIT)မှ ပါမောက္ခဒေါက်တာ သနာရက်ခ် သီရာမန် ခွန်က ပြောပါတယ်။

“လူအများစုကတော့ နှာခေါင်းစည်း Mask တွေကို မှန်မှန်ကန်ကန်တပ်ကြပါတယ်။ လူ ၁၀၀၀ မှာ ၂ ယောက်လောက်ကတော့ နှာခေါင်းစည်း Mask တပ်တာ မတွေ့ရပါဘူး၊ ၁၀၀၀ မှာ ၄ ယောက်လောက်ကတော့ မှန်မှန်ကန်ကန် တပ်တာမျိုးမရှိတာကို တွေ့ရပြီး နှာခေါင်းနဲ့ ပါးစပ်တွေကို Mask က လုံလုံခြုံခြုံ ဖုံးကာမပေးထားနိုင်တာကို တွေ့ရပါတယ်”

ဒါ့အပြင် ဘန်ကောက်ခရိုင် ၈ ခုမှာတော့ ရာနှုန်းပြည့် နှာခေါင်းစည်း Mask တွေကို တပ်တာ တွေ့ရကြောင်းလည်း ပါမောက္ခဒေါက်တာ သနာရက်ခ်က ပြောပါ တယ်။

“လူတွေဟာ တနင်္လာကနေ ကြာသပတေးနေ့ထိလို ရက်တွေထက် သောကြာ၊ စနေ၊ တနင်္ဂနွေလိုရက်တွေမှာ နှာခေါင်းစည်း Mask တွေကို မတပ်လိုကြတာကိုလည်း တွေ့ရပါတယ်။ နောက်ပြီး မနက်ခင်းပိုင်းနဲ့နှိုင်းယှဉ်ရင် ညနေဘက်တွေမှာ နှာခေါင်းစည်း Mask တွေ တပ်တာမျိုး လျော့ကျလာတာကို တွေ့ရပါတယ်”

ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရောဂါအခြေအနေစီမံမှုစင်တာမှ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အဖီဆမိုင် ဆီရန်ဆန်ကတော့ “ဒီသုတေသနစစ်တမ်းက အများပြည်သူ သွားလာရာနေရာတွေမှာ နှာခေါင်းစည်း Mask တွေကို တပ်ပြီးသွားလာတာရှိမရှိကို ပဲ စောင့်ကြည့်တာဖြစ်ပါတယ်။ လူတွေအနေနဲ့ လုပ်ငန်းခွင်၊ ဒါမှမဟုတ် မိသားစုဝင်တွေလို တခြားသူတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံတဲ့အခါ နှာခေါင်းစည်း Mask တွေကို တပ်ထားသင့်ပါတယ်”

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကန့်သတ်ထိန်းချုပ်နိုင်ဖို့အတွက် လူတွေအနေနဲ့ နှာခေါင်းစည်း Mask တွေကိုတပ်ပြီး သွားလာတာတွေအပြင် လူစုလူဝေးနဲ့ ပွဲ လမ်းသဘင်အခမ်းအနားတွေ ရှောင်ကြဉ်တာတွေ၊ တကိုယ်ရေသန့်ရှင်းရေးနဲ့  လက်တွေ ကို ပုံမှန်ဆေးကြောကြသင့်ကြောင်းလည်း သူက အကြံပြုထားပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၆၈၉၈၄ ယောက်နဲ့ သေဆုံးသူ ၂၄၅ ယောက် ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013