အက်စတွန်ဗီလာအသင်းဟာ နယူးကာဆယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ကြားဖြတ်ပြီး ဖရိုင်းဘတ်ကွင်းလယ်လူ ဂျိုဟန်မန်ဇမ်ဘီကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။
အသက် ၂၀ အရွယ် ဆွစ်ဇာလန်လက်ရွေးစင် မန်ဇမ်ဘီရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း ၅၀ ကျော် ရှိနိုင်ပြီး ဗီလာရဲ့ စံချိန်တင်ကြေး ဖြစ်လာနိုင်ပါတယ်။
ဗီလာဟာ ကွင်းလယ်လူ အင်အားဖြည့်တင်းဖို့ လိုအပ်နေတာပါ။ တိုင်လီမန်းလည်း ထွက်ခွာဖို့ရှိနေပြီး အိုနာနာလည်း ဒဏ်ရာရနေတာပါ။ မန်ဇမ်ဘီကတော့ ဗီလာနဲ့အတူ ချန်ပီယံလိဂ်မှာ ကစားခွင့်ရဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
မန်ဇမ်ဘီဟာ ကမ္ဘာ့ဖလားမှာ ဆွစ်ဇာလန်အတွက် ၃ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားမှာ ဂိုးပါဝင်မှု ၅ ကြိမ်ရှိတဲ့ အသက်အငယ်ဆုံး ကစားသမားလည်း ဖြစ်ပါတယ်။
နယူးကာဆယ်ကတော့ ဗစ်တာမူနော့ဇ်ကို လီဗာပူးဆီ ဆုံးရှုံးခဲ့ရပြီးနောက် ထိပ်တန်းပစ်မှတ်ကို ထပ်မံဆုံးရှုံးရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ဗီလာရဲ့ ဘဏ္ဍာရေးအခြေအနေက တင်းကျပ်နေတာကြောင့် ဒီဂ်နေးနဲ့ ဒေါ့ဘင်တို့ကိုလည်း ရောင်းထုတ်ဖို့ လုပ်ဆောင်နေပါတယ်။










