DVB Logo
Home
မြန်မာသတင်း
သတင်းထောက်အမျိုးသမီး၏ခင်ပွန်း ဖမ်းဆီးခံရ
DVB
·
May 2, 2021
သတင်းထောက်အမျိုးသမီး၏ခင်ပွန်း ဖမ်းဆီးခံရ
Donate to DVB

အလွတ်တန်းသတင်းထောက် မသူဇာရဲ့ ဒဂုံတက္ကသိုလ်ဝန်ထမ်းအိမ်ရာက နေအိမ်ကို အကြမ်းဖက်စစ်တပ်က မေ ၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ဝင်ရောက်ရှာဖွေခဲ့ပြီး မသူဇာကို မတွေ့တဲ့အတွက် သူ့ရဲ့ ခင်ပွန်းကို ဖမ်းဆီးသွားပါတယ်။

သတင်းထောက် မသူဇာဟာ ရန်ကုန်မြို့မှာ စစ်ကောင်စီက ပြည်သူတွေကို မတရား အနိုင်ကျင့်တာတွေကို အင်တာနက်လူမှုကွန်ရက်ကနေ တိုက်ရိုက်ထုတ်လွှင့်ပြီး သတင်း တင်ဆက်ခဲ့သူ ဖြစ်ပါတယ်။

မသူဇာရဲ့နေအိမ်က အင်တာနက်ကြိုးတွေကို စစ်တပ်က ဖြတ်တောက်ခဲ့ပြီး ကင်မရာတစ်လုံး၊ လက်ပတော့တစ်လုံးနဲ့ လက်ကိုင်ဖုန်းလေးလုံးကို သိမ်းယူသွားပါတယ်။

“ကျမက ဖေဖော်ဝါရီလကတည်းက အပြင်မှာပဲ အိပ်တာ။ အဲဒီအိမ်ကို တစ်ခါတလေပဲ အဝင်အထွက်ရှိတယ်။ အဲဒီအိမ်ကို ကျမ လာတယ်ဆိုတဲ့ အသံချက်ချင်းရတာနဲ့ ရဲနဲ့စစ်သား အင်အား သုံးဆယ်လောက်နဲ့  အိမ်ကို ရှေ့ရော နောက်ရော လာဝိုင်းကြတယ်။ သူတို့ မသိနိုင်တဲ့နေရာကနေ ထွက်လိုက်တဲ့အတွက် ကျမ ပါမသွားဘူး။ အိမ်မှာရှိနေတဲ့ ကျမ အမျိုးသားကို သူတို့ခေါ်သွားတယ်” လို့ မသူဇာကပြောပါတယ်။

မသူဇာဟာ လက်ရှိမှာ အလွတ်တန်းသတင်းထောက်တစ်ဦးအဖြစ် ရပ်တည်နေပြီး မော်ဒန်ဂျာနယ်၊ The Irrawaddy သတင်းဌာန၊ RFA သတင်းဌာန၊ 7 Day TV တို့မှာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ 

အဖမ်းခံလိုက်ရတဲ့ မသူဇာရဲ့ အမျိုးသားဟာလည်း သတင်းထောက်ဟောင်း တစ်ယောက် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013