DVB Logo
Home
မြန်မာသတင်း
ခင်ပွန်းဖြစ်သူက ဓားနှင့်ထိုးသတ်သဖြင့် EPC ဝန်ထမ်းအမျိုးသမီးသေဆုံး
DVB
·
July 26, 2025
ခင်ပွန်းဖြစ်သူက ဓားနှင့်ထိုးသတ်သဖြင့် EPC ဝန်ထမ်းအမျိုးသမီးသေဆုံး
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်မှာ EPC စာရေး အမျိုးသမီးဖြစ်သူကို ခင်ပွန်းဖြစ်သူက ဓားနဲ့အချက် ၂၀ ထိုးသတ်ခဲ့တယ်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သေဆုံးသူနဲ့ ခင်ပွန်းဖြစ်သူဟာ လင်မယားချင်းစကားများကွဲကွာနေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူက ဇူလိုင် ၂၂ ရက်မှာ ကျေးလက်လမ်းဆုံ ဟင်္သာတ-မြန်အောင်သွား ကားလမ်းပေါ်မှာ အိမ်ကိုပြန်လိုက်ဖို့နဲ့ အတူပြန်နေဖို့ ပြန်ခေါ်စကားပြောဆိုရာက စကားများငြင်းဆန်တာကြောင့် အခုလိုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူက “သေဆုံးသူအမျိုးသမီးက ခင်ပွန်းနဲ့စကားများရန်ဖြစ်ပြီး အိမ်ပေါ်ကနေ ဆင်းသွားတာပါ။ ရက်တော်တော်ကြာပါပြီ။ အတူပြန်နေဖို့ခင်ပွန်းက အမျိုးသမီးရုံးကနေအပြန် လမ်းဆုံမှာစောင့်ပြီးခေါ်ရင်း မလိုက်ဘူးငြင်းလို့ အခုလိုဖြစ်သွားတာ” လို့ ပြောပါတယ်။

သေဆုံးသူ မအိမွန် ဟာ အင်္ဂပူမြို့နယ် EPC ရုံးက လယ်ဂျာစာရေးတယောက်ဖြစ်တယ်လို့ သိရပြီး ဓားနဲ့ထိုးသတ်တဲ့ခင်ပွန်းသည်ကတော့ အင်္ဂပူမြို့နယ်၊ သုံးဆက်ကျေးရွာက အသက် ၂၉ နှစ်အရွယ် ငြိမ်းချမ်းအောင် ဆိုသူဖြစ်ပြီး သူတို့မှာ အသက် ၃ နှစ်အရွယ် ကလေးတယောက်ရှိတယ်လို့ သိရပါတယ်။

သေဆုံးသူနဲ့ နီးစပ်သူတယောက်က “ဖောက်ပြန်လို့ သတ်တယ်ဆိုတဲ့သတင်းက ကောလာဟလ သတင်းပါ။ သူတို့က တရာဝင်ကွာရှင်းပြတ်စဲထားသူတွေမဟုတ်ပါဘူး။ စကားများပြီး အိမ်ပေါ်ကနေဆင်းသွားတာ။ ကောင်မလေးက အသက် ၂၄ နှစ်ပဲရှိသေးတာ။ ကလေးလေး တယောက်ကျန်ခဲ့တယ်” လို့ ပြောပါတယ်။

ဇနီးသည်ကို အရိုးအသွား ၈ လက်မဓားနဲ့အချက် ၂၀ ထိုးသတ်ခဲ့သူအမျိုးသားကို အင်္ဂပူမြို့မရဲစခန်းမှာ  (ပ)၉၄/၂၀၂၅၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ပြီး အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013