DVB Logo
Home
မြန်မာသတင်း
CDM ဆရာ၊ ဆရာမတွေကို ကမ္ဘာ့ရတနာဘဏ်က ချေးငွေဆပ်ခိုင်းနေ
DVB
·
April 30, 2021
CDM ဆရာ၊ ဆရာမတွေကို ကမ္ဘာ့ရတနာဘဏ်က ချေးငွေဆပ်ခိုင်းနေ
1 / 2
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ CDM ဆရာ၊ ဆရာမတွေကို ကမ္ဘာ့ရတနာဘဏ်က ချေးငွေတွေ ပြန်ဆပ်ခိုင်းနေတာကြောင့် CDM ပြုလုပ်ပြီး လခထုတ်ယူလို့မရတဲ့ ဆရာ၊ ဆရာမတွေက ငွေရေးကြေးရေး အခက်ခဲတွေ့နေတယ်လို့ ဆရာတစ်ဦးက ပြောပါတယ်။

ကမ္ဘာ့ရတနာဘဏ်က ဆရာ၊ ဆရာမတွေကို နှစ်စဉ်ငွေတိုးချေးပေးပြီးတော့ အတိုး ၁ ကျပ်နှုန်းနဲ့ ၁၂ လပြည့်အောင် ခွဲဆပ်ရတယ်လို့ ဆိုပါတယ်။

အခုချိန်မှာ CDM ပြုလုပ်ထားတဲ့ ဆရာ၊ ဆရာမတွေဟာ လစာမထုတ်တာကြောင့် ပြန်ဆပ်ဖို့ ခက်ခဲနေပြီး တခြားမြို့က ဆရာ၊ ဆရာမတွေလည်း အလားတူပြဿနာ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

CDM ဆရာ၊ ဆရာမတွေကို မေလ ၃ ရက်နေ့မှာ လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ ခွင့်မဲ့မပျက်ဖို့၊ တာဝန်တိကျဖို့တွေကို ခံဝန်ကတိတွေ ထိုးခိုင်းနေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013