တီးတိန်မြို့၌ ဓာတ်ဆီဆိုင်ဝန်ထမ်း လူငယ် ၁ ဦးကို စစ်တပ်က ပစ်သတ်
DVB
·
April 28, 2021

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ ဧပြီ ၂၇ ရက် မနေ့ညပိုင်းက ဓာတ်ဆီဆိုင်မှာ ညစောင့် တာဝန်ထမ်းဆောင်ဖို့ ဆိုင်ကယ်နဲ့သွားနေတဲ့ အသက် ၂၀ အရွယ် လူငယ် Tg. Felix Thang Muan Lian ကို စစ်တပ်က သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားပါတယ်။
အဆိုပါ လူငယ်ရဲ့ အလောင်းကို တီးတိန်ပြည်သူ့ဆေးရုံ ရင်ခွဲရုံမှာ ထားရှိပြီး နေအိမ်သို့ သယ်ဆောင်ခွင့်မပေးသေးဘူးလို့သိရပါတယ်။