DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၂၄ ဦး အသတ်ခံရဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ဝန်ခံ
DVB
·
April 26, 2021
အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၂၄ ဦး အသတ်ခံရဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ဝန်ခံ
Donate to DVB

နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင်သိမ်းယူလိုက်တဲ့  ဖေဖော်ဝါရီ ၁ ရက်ကစပြီး   ဧပြီ ၁၅ ရက်အထိ  စစ်တပ်က ၇ ဦး ရဲတပ်ဖွဲ့က ၁၇ ဦး အသတ်ခံခဲ့ရတယ်လို့ စစ်ကောင်စီပြောခွင့်ရသူ  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ရုရှားနိုင်ငံအခြေစိုက် RIA News သတင်းဌာနနဲ့ အင်တာဗျူးမှာ ခုလို ပြောခဲ့တာကို မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။

အဆိုပါကာလအတွင်း အကြမ်းဖက်စစ်တပ်က ၄၅ ယောက်နဲ့ ရဲက ၂၅၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဒီကာလအတွင်းမှာပဲ  ရဲစခန်း ၆၃ ခု၊  ရပ်ကွက်အုပ်ချုပ်ရေးရုံး ၆၂ ရုံး၊ ရုံးဌာန ၅၂ ရုံး၊ လမ်းတံတား ၁၆ ခု၊ ဘဏ် ၁၃ ခု သင်ကျောင်းနဲ့ တခြားအဆောက်အဦ ၁၀၅ ခု ပျက်စီးခဲ့တယ်လို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လက်နက်မဲ့ပြည်သူတွေကို  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ ကြောင့် ဧပြီ ၂၅ ရက်နေ့အထိ  သေဆုံးသူ  ၇၅၀ ကျော် ရှိနေပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်အသင်း (AAPP) ကထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီ  ပြောခွင့်ရသူ ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူ ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံပြောကြားထားပါတယ်။

PHOTO- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013