DVB Logo
Home
မြန်မာသတင်း
အလေးကိုမယုံသဖြင့် သမာဓိချိန်ခွင်တွင် ပြန်ချိန်ခိုင်းခြင်းဖြစ်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော
DVB
·
January 26, 2021
အလေးကိုမယုံသဖြင့် သမာဓိချိန်ခွင်တွင် ပြန်ချိန်ခိုင်းခြင်းဖြစ်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော
Donate to DVB

မဲစာရင်းကိစ္စဖြေရှင်းခိုင်းနေတာဟာ အလေးကိုမယုံလို့ သမာဓိချိန်ခွင်မှာ ပြန်ချိန်ခိုင်းတဲ့ သဘောလို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမဲစာရင်းတွေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က နေပြည်တော်မှာ ဇန်နဝါရီ ၂၆ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  ပြောဆိုခဲ့တာပါ။

အလေးခိုးတာမယုံလို့ သမာဓိချိန်ခွင်မှာ ချိန်ခိုင်းတာဟာ အပြစ်လားလို့လည်း သူက မေးခွန်းထုတ်ခဲ့ပါတယ်။

"ဈေးဝယ်ရာမှာ ရောင်းတဲ့သူက ချိန်ပေးတယ်။ ဝယ်တဲ့သူက နေ့စဉ်ဈေးဝယ်နေတဲ့သူဆို သူကတော့ သူက အလေးချိန် မှန် မှန် သံသယရှိတယ်။ ရှင်းရှင်းပြောရရင် အလေးခိုး တယ်လို့ သံသယရှိတယ်။ ခိုးတယ်လို့ သံသယရှိတယ်ဆိုရင် ဝယ်တဲ့သူက ဘာတောင်းဆိုသလဲဆိုတော့ သမာဓိချိန်ခွင်နဲ့ ချိန်မယ်ဆိုပြီးတောင်းတယ်။ အဲဒီတော့ အဲဒီလိုချိန်ခိုင်းတဲ့သူက အပြစ်လား။ အလေးခိုးထားတာကို ဘေးကနေတဲ့ ဈေးသည်တွေကလည်း တချို့ဈေးသည်တွေကလည်း အလေးခိုးနေကျ ဈေးသည်တွေဆိုတော့ ဘေးကနေပြီး ဝိုင်းပြီး 'အာ'ကြတာနဲ့ တင်ဝယ်တဲ့သူက နောက်ဆုတ်ပေးရမှာလား"

မဲစာရင်းအမှားတွေရှိနေတာတောင် မပြောဘဲနေရင် သမိုင်းတရားခံဖြစ်မှာစိုးတာကြောင့် ဒီလိုမျိုးထုတ်ဖော်ပြောဆိုနေရတာဖြစ်တယ်လို့လည်းဆိုပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မဲစာရင်းအမှားတွေကြောင့် မဲမသမာမှုပြုနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်သာတွေ့ရပြီး ဘယ်နေရာမှာ ဘယ်လို မဲမသမာမှုတွေလုပ်ခဲ့တယ်ဆိုတာတွေကိုတော့ သက်သေအထောက်အထားနဲ့ ပြောနိုင်တာ  မတွေ့ရပါဘူး။

တပ်မတော်ဘက်က ပြောကြားချက်အရတော့ မဲမသမာမှုပြုနိုင်တယ်ဆိုတဲ့ မဲစာရင်း ၈ သန်းကျော်တောင်ရှိတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့  ရွေးကောက်ပွဲတွေ အဆက်ဆက် မဲစာရင်းတွေဟာ အစဉ် အဆက်အမှားအယွင်းတွေရှိခဲ့တာဖြစ်ပြီး  ခုတကြိမ်ရွေးကောက်ပွဲမှာမှ တပ်မတော်က မဲစာရင်း တွေကို စိစစ်ခဲ့တာပါ။ 

ဒီလိုစိစစ်ရာမှာလည်း နိုဝင်ဘာ ၈ ရက်နေ့က ပေးခဲ့တဲ့ နောက်ဆုံးအကြိမ်မဲစာရင်းကို အခြေခံ စိစစ်တာမဟုတ်ဘဲ ပြင်ဆင်မှုတွေမလုပ်ရသေးတဲ့ မဲစာရင်းအဟောင်းကို တပ်မတော်က စိစစ်နေတာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တုံ့ပြန်ထားပါတယ်။

သတင်း - ထက်ဝေအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013