DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုရပ်တန့်ရန် နယူးဇီလန် မီးရထားလုပ်သားများသမဂ္ဂ တောင်းဆို
DVB
·
April 23, 2021
မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုရပ်တန့်ရန် နယူးဇီလန် မီးရထားလုပ်သားများသမဂ္ဂ တောင်းဆို
Donate to DVB

မြန်မာစစ်အာဏာရှင်တွေအောက်မှာ မီးရထားလုပ်သားတွေ သေဆုံးခဲ့ရတဲ့ ကိစ္စကို ဆန့်ကျင်တဲ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး ရပ်တန့်ဖို့ နယူးဇီလန် မီးရထားလုပ်သားများ သမဂ္ဂက ဆော်သြလိုက်တဲ့အကြောင်း Scoop သတင်းဌာနက ဧပြီ ၂၁ရက်မှာ သတင်းထုတ်ပါတယ်။

ဧပြီ ၁၄ ရက်က မန္တလေးမြို့အနီးရှိ မြစ်ငယ်မြို့ကမီးရထားဝင်းမှာ သမဂ္ဂ အဖွဲ့ဝင် မီးရထားလုပ်သား ၁၅ ဦး ပစ်သတ်ခံရတဲ့ အစီရင်ခံစာတွေ ရှိတယ်လို့ မီးရထားနဲ့ ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး သမဂ္ဂ RMTU ရဲ့ အတွင်းရေးမှူးချုပ် ဝိန်း ဘတ်ဆန်က ပြောပါတယ်။

“စစ်အာဏာရှင်တွေဟာ လက်နက်မဲ့ အရပ်သားတွေနဲ့ လုပ်သားတွေကို ရက်စက်တဲ့ စစ်ပွဲ ဆင်နွှဲနေတယ်။ သူတို့အပေါ် နိုင်ငံတကာ ဖိအား သက်ရောက်စေဖို့ နယူးဇီလန် အစိုးရဟာ လုပ်နိုင်သမျှ အကုန်လုပ်ဖို့ လိုတယ်”။

မြန်မာနိုင်ငံပါတဲ့ ကုန်သွယ်ရေး သဘောတူညီချက် ဖြစ်တဲ့ ဒေသတွင်း အားလုံးလွှမ်းခြုံ စီးပွားရေးမိတ်ဖက်  (RCEP) သဘောတူညီချက်ကို အတည်ပြု လက်မှတ်ထိုးတာ မလုပ်သေးဘဲ ရပ်ထားဖို့ ဆော်သြမှုတွေကိုလည်း RMTUက ထောက်ခံတယ်လို့ သူက ဆက်ပြောပါတယ်။

အလုပ်သမားပါတီ အစိုးရဟာ ကုန်သွယ်ရေး သဘောတူညီချက်တွေထက် လူ့အခွင့်အရေးကို ပိုနေရာပေးရမယ် သင့်တော်အောင် အရေးယူ ဆောင်ရွက်ရမယ်လို့လည်း RMTU ရဲ့ အတွင်းရေးမှူးချုပ် ဝိန်း ဘတ်ဆန်က ပြောပါတယ်။

“စစ်အာဏာရှင်တွေဟာ တရားမဝင်ဘူး။ လူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ အတွက် တာဝန်ရှိတယ်၊ RMTU ဟာ ကျနော်တို့ လုပ်ဖော်ကိုင်ဖက် ရထားလုပ်သားတွေ ပါဝင်တဲ့ ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှုကို ထောက်ခံတယ်”လို့ မစ္စတာ ဘတ်ဆန်က ပြောပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ နိုင်ငံတဝန်း မြန်မာ့ မီးရထားလုပ်သားတွေလည်း အများအပြားပါဝင် သပိတ်မှောက်နေကြတဲ့ အတွက် ရထားပို့ဆောင် ရေးလုပ်ငန်းတွေ အများစု ရပ်တန့်နေပါတယ်။ 

မြန်မာနိုင်ငံမှာ အရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်က တရားမဝင်အာဏာသိမ်းယူခဲ့တဲ့  ဖေဖော်ဝါရီ ၁ ရက်က စလို့ ခုထိ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့ရာမှာ အရပ်သား အယောက် ၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013