DVB Logo
Home
မြန်မာသတင်း
ရဲတပ်သား ဇေယျာထွန်း CDM Code မရသဖြင့် ရဲပြေးပုံစံသတ်မှတ်ခံရမည်ကို စိုးရိမ်
DVB
·
April 23, 2021
ရဲတပ်သား ဇေယျာထွန်း CDM Code မရသဖြင့် ရဲပြေးပုံစံသတ်မှတ်ခံရမည်ကို စိုးရိမ်
Donate to DVB

ဒီပဲယင်းမြို့မရဲတပ်ဖွဲ့စခန်းက CDM လုပ်ထားတဲ့ ရဲတပ်သား ဇေယျာထွန်းဟာ အခြားဝန်ထမ်းတွေလို CDM Code မရတဲ့အတွက် ရဲပြေးပုံစံသတ်မှတ်ခံရမှာစိုးရိမ်နေတယ်လို့ အစ်မဖြစ်သူက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့မရဲတပ်ဖွဲ့စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား ဇေယျာထွန်း (လ.၂၆၉၅၂၆) ဟာ မတ်လ ၂၆ ရက်ကစပြီး စစ်အာဏာဆန့်ကျင် CDM ပြုလုပ်ပြီး မြို့နယ် CDM စာရင်းကောက်ခံရေးအဖွဲ့ဆီကို စာရင်းပေးသွင်းထားတာပါ။

ဒါပေမယ့် CDM Code တွေ ရောက်လာတဲ့အခါ နာမည်ပါမလာတဲ့အတွက် ပြည်သူတွေကြားမှာ နေနေရတာကြောင့် ထင်ယောင်ထင်မှားဖြစ်မှာနဲ့ ရဲပြေးပုံစံဖြစ်မှာ စိုးရိမ်နေတယ်လို့ ရဲတပ်သားရဲ့ အစ်မဖြစ်သူဆီက သိရပါတယ်။

“CDM Code မရလို့ မြို့နယ် CDM စာရင်းကောက်ခံရေးအဖွဲ့ဆီကို ဆက်သွယ်မေးမြန်းကြည့်တော့ မှတ်ပုံတင်မူရင်းမပါလို့လို့ပြောတယ်။ ကျမတို့စိုးရိမ်တာက ကျမမောင်လေးအပေါ်  ပြည်သူတွေက ထင်ယောင်ထင်မှားဖြစ်လာမှာရယ်၊ CDM စာရင်းမဝင်တော့ ရဲပြေးပုံစံဖြစ်သွားမှာရယ်ပဲ စိုးရိမ်မိတာပါ။ အခြားထောက်ပံ့တာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မမျှော်ပါဘူး။ အဓိကက စစ်အာဏာဆန့်ကျင်ဖို့ပါပဲ။” 

ရဲတပ်သား ဇေယျာထွန်းဟာ အာဏာရှင်အစိုးရက ပြည်သူလူထုအပေါ် ထိခိုက်နစ်နာစေမှုတွေနဲ့ မတရားတဲ့လုပ်ရက်တွေကို မြင်နေရကြားနေရသလို မတရားတဲ့ အမိန့်ပေးတာကြောင့် အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်းမရှိလို့ ပြည်သူနဲ့အတူပူးပေါင်း စစ်အာဏာဆန့်ကျင် CDM ပြုလုပ်ထားတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013