DVB Logo
Home
မြန်မာသတင်း
ဂျပန်ရောက် ဆန္ဒပြမြန်မာနိုင်ငံသားများ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌထံ အိတ်ဖွင့်ပေးစာ ပေးအပ်
DVB
·
April 22, 2021
ဂျပန်ရောက် ဆန္ဒပြမြန်မာနိုင်ငံသားများ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌထံ အိတ်ဖွင့်ပေးစာ ပေးအပ်
1 / 4
Donate to DVB

ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာနိုင်ငံသားတွေက ဒီနေ့ နိပွန်ဖောင်ဒေးရှင်းရုံးရှေ့ ဆန္ဒပြ ပွဲအတွင်း ရုံးထဲကို အိပ်ဖွင့်စာပေးအပ်ခဲ့ပါတယ်။

၂၀၂၀ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ဂျပန်နိုင်ငံအစိုးရ၏ လေ့လာရေး အဖွဲ့ခေါင်းဆောင်၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr.SASAKAWA Yohei အနေနဲ့ လက်ရှိမြန်မာပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတာတွေကို နေ့စဉ်ကြားသိနေရပြီး စိတ်မချမ်းမသာဖြစ်နေရပါတယ်လို့ ရုံးမြန်မာတာဝန်ခံက ပြောပါတယ်။

“Mr.Sasakawa ဟာ ဂျပန်နိုင်ငံအစိုးရရဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးသံတမန်ကိုယ်စားလှယ်လည်းဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အရမ်းရင်းနှီးပြီး နှစ်စဉ်ချစ်ကြည်ရေးအနေနဲ့ ခေါ်ယူလေ့ကျင့်ပေးနေတာတွေရှိတာကို အခုအာဏာသိမ်းမြန်မာစစ်တပ်က မြန်မာပြည်သူတွေကို နေ့စဉ်အကြမ်းဖက်သတ်ဖြတ်နေတာကို တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲ နှုတ်ဆိတ်နေလို့ လာဆန္ဒပြတာပါ။ အခုအိပ်ဖွင့်ပေးစာကို ပေးရင်း မေးကြည်တော့ သူတို့လည်းကြားသိနေရပြီး ဥက္ကဋ္ဌကြီးလည်း စိတ်မချမ်းသာဖြစ်နေရပါတယ်လို့ပြောတယ်။ ဒါပေမယ့် ကျမတို့လိုချင်တာက ဒီအဖြေမဟုတ်ဘူး။ သူက အမျိုးသားပြန်လည်သင့်မြတ်ရေး တာဝန်ယူထားသလို မြန်မာစစ်ခေါင်းဆောင်တွေကို ရင်းနှိးစွာ အနီးကပ်ဆက်ဆံခဲ့ပြီး အဆင့်မြင့်စစ်ရေးလေ့ကျင့်ပေးခဲ့တာတွေရှိခဲ့လို့ တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်” လို့ ဆန္ဒပြပွဲ တာဝန်ခံတဦးဖြစ်တဲ့ မမေသကြင်္န်က ဒီဗွီဘီ ပြောဆိုခဲ့ပါတယ်။

ဥက္ကဋ္ဌ Mr. Sasakawa ဟာ မြန်မာနိုင်ငံကို အကြိမ်ပေါင်း ၁၃၀ ကျော်သွားရောက်ခဲ့သူတဦးဖြစ်ပြီး အာဏာသိမ်းမြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုတွေရှိတယ်လို့ ကျော်ကြားပါတယ်။

Mr. Sasakawa ဟာ ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲရုံတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာကြည့်ရှုခဲ့ကြောင်း၊ စီမံခန့်ခွဲမှုများကို အထူးပင် စနစ်ကျစွာ ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အထူးပင်ဂုဏ်ပြုကြောင်း ပြောကြားခဲ့သူဖြစ်ပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ အပြင် မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်နိုင်ငံသားတွေလည်း ပါဝင်ပူးပေါင်းခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013