DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ လူပေါင်း ၃ သန်းခွဲခန့် မကြာခင် အငတ်ဘေးကြုံနိုင်
DVB
·
April 22, 2021
မြန်မာနိုင်ငံ၌ လူပေါင်း  ၃ သန်းခွဲခန့်  မကြာခင် အငတ်ဘေးကြုံနိုင်
Donate to DVB

မြန်မာနိုင်ငံတွင်းမှာ လူဦးရေ ၃သန်းခွဲလောက်ဟာ လာမယ့် ၃လကနေ ၆လလောက်အတွင်း အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Program က ဒီနေ့ထုတ်ပြန်တဲ့ မြန်မာ့စားနပ်ရိက္ခာ သုံးသပ်ချက်စာတမ်းမှာ  သတိပေးပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းကWFP ရဲ့ ကြေညာချက်မှာတော့ မြန်မာနိုင်ငံသား ၁ သန်း ၈သိန်းလောက် အငတ်ဘေးကြုံနိုင်တယ်လို့ထုတ်ပြန်ခဲ့ပြီး အခုတခါ ခန့်မှန်းခြေအရေအတွက် ၂ဆလောက်တိုးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။

စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတာရယ်၊ စက်ရုံအလုပ်ရုံတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းရတဲ့နောက်မှာ အလုပ်လက်မဲ့တွေ တိုးပွားလာနေတာရယ်၊ ကိုဗစ် ရောဂါကူးစက်မူတွေကြောင့် စီးပွားရေးကျဆင်းမှု ပိုမိုဆိုးရွားလာနေပြီးတော့ လူမှုဘဝ အကျပ်အတည်းတွေ ပိုဆိုးလာစေတယ်လို့  ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ 

မြန်မာနိုင်ငံစီးပွားရေးအခြေအနေဟာ ပြီးခဲ့တဲ့  ၂၀၂၀ ပြည့်နှစ်ကတည်းက ကိုဗစ် ဗိုင်းရပ်စ် ရောဂါကူးစက်မှုကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ရပြီးသား ဖြစ်နေတယ်လို့ WFP ကပြောပါတယ်။ 

ဒါ့အပြင် အလုပ်လက်မဲ့တွေက တနေ့တခြားတိုးလာနေတဲ့အတွက် အစားအသောက်မဝယ်နိုင်ကြတဲ့အကြောင်း၊ ဒုက္ခခံစားနေရတာတွေ လျှော့ချနိုင်ဖို့ ဝိုင်းဝန်း ကူညီတုံ့ပြန်ဖို့နဲ့  စားနပ်ရိက္ခာ ပြတ်လပ်မှုအခြေအနေ သိပ်ဆိုးရွားမလာအောင် တားဆီးဖို့  လိုအပ်နေတယ်လို့ WFP ညွှန်ကြားရေးမှူး စတီဖင် အင်ဒါဆန်က ကြေညာချက်မှာ  ပြောဆိုထားပါတယ်။

ဖေဖေါ်ဝါရီလကုန်ပိုင်းကစလို့ အခြေခံစားသောက်ကုန် ဆန်နဲ့ဆီဈေးတွေဟာ ၅ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းလောက်ထိ မြင့်တက်လာခဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာတောင် အစားလျှော့စားနေရတာတွေ၊ အဟာရရှိတဲ့အစားအစာ မစားနိုင်တာတွေ၊ အကြွေးတင်နေကြတာတွေ ဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။ 

အခက်အခဲတွေ့နေတဲ့ လူပေါင်း ၃ သန်းကျော်ကို ကူညီပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၀၆ သန်းလောက် လိုအပ်နေတယ်လို့လည်း WFP ကခန့်မှန်းထားပါတယ်။ 

လက်ရှိအခြေအနေမှာ ဘဏ်လုပ်ငန်းတွေလည်းရပ်ဆိုင်းနေပြီး ငွေအပေးအယူ မလုပ်နိုင်တာတွေ၊ ဘဏ်က ငွေသားထုတ်ယူဖို့အခက်အတွေ ရင်ဆိုင်နေရသလို စက်ရုံအလုပ်ရုံတွေပိတ်ထားရတဲ့အခြေအနေကြောင့် သွင်းကုန်ပို့ကုန်လုပ်ငန်း အတော်များများလည်း ရပ်ဆိုင်းနေကြပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ ၂၀၂၁ခုနှစ်အတွင်းမှာ ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013