DVB Logo
Home
နိုင်ငံတကာ
“အငတ်ဘေးနဲ့ သေရတာထက် စစ်ပွဲမှာ သေရတာက ပိုကောင်းပါတယ်” အာဖဂန်မိသားစု
DVB
·
September 18, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အီရန်နိုင်ငံမှာ ဘဝတခုကို တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ပေမဲ့ စစ်ပွဲနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် အလုပ်အကိုင်ရဖို့ ခက်ခဲလာတဲ့ အဗ်ဒူလ် ဂျာဘာ မိသားစုဟာ အာဖဂန်နစ္စတန်ကို ပြန်လာခဲ့ရပါတယ်။ 

"အမှန်အတိုင်းပြောရရင် အာဖဂန်နစ္စတန်ကို ပြန်မလာချင်ခဲ့ပါဘူး" လို့ ဂျာဘာက ပြောပါတယ်။ 

ပဋိပက္ခတွေအတွင်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာပြီးတဲ့နောက် မွေးရပ်မြေမှာ ပိုကောင်းတဲ့ လုံခြုံရေးနဲ့ အခွင့်အလမ်းတွေ ရမယ်လို့ မျှော်လင့်ပြီး နောက်ဆုံးမှာ အာဖဂန်နစ္စတန်ကို ပြန်လာ ခဲ့ကြတာပါ။ 

ဒါပေမဲ့ လက်တွေ့မှာ အလုပ်အကိုင်ရရှိမှု နည်းပါးနေပြီး မိသားစုအနေနဲ့ ရှင်သန်ရပ်တည်ရေး အတွက် ရုန်းကန်ရမယ့်အရေးကို စိုးရိမ်နေတယ်လို့ သူက ပြောပါတယ်။ 

“ဒီမှာဆိုရင် ကျနော်တို့ အငတ်ဘေးနဲ့ သေသွားနိုင်ပါတယ်။ အငတ်ဘေးနဲ့ သေရတာထက် စစ်ပွဲမှာ သေရတာက ပိုကောင်းပါတယ်" လို့ ဂျာဘာက ပြောပါတယ်။ 

သမီးဖြစ်သူ ဆီတာယက်ရှ်အတွက် ပြန်လာရတာဟာ ပညာသင်ကြားခွင့်ကို စွန့်လွှတ်လိုက်ရတာ လည်း ဖြစ်ပါတယ်။ 

သူဟာ အီရန်မှာ ၈ နှစ်ကြာ ပညာသင်ကြားခဲ့ဖူးပြီး အခု အဝတ်အထည်ချုပ်လုပ်ခြင်းနဲ့ အိမ်တွင်း အလုပ်တွေနဲ့ မိသားစုကို ကူညီပေးနေရပါတယ်။ ပညာဆက်သင်နိုင်ဖို့အတွက် အီရန်ကို ပြန်သွားချင်တယ်လို့ သူက ပြောပါတယ်။ 

အိမ်နီးချင်း ဟီရတ်မြို့မှာလည်း အီရန်ကပြန်လာတဲ့ မိသားစုတစုဟာ အီရန်မှာ စုဆောင်းငွေ အများစု ဆုံးရှုံးခဲ့ရပြီးတဲ့နောက် ပီဇာနဲ့ ချိစ် ထုတ်လုပ်တဲ့ လုပ်ငန်းငယ်တခုကို ပြန်စဖို့ ကြိုးပမ်း နေပါတယ်။ 

အီရန်ငွေကြေးကို အာဖဂန်နီ (Afghani) ငွေကြေးအဖြစ် လဲလှယ်လိုက်တဲ့အခါ မိသားစုရဲ့ စုဆောင်းငွေတန်ဖိုး သုံးပုံနှစ်ပုံလောက် ဆုံးရှုံးခဲ့ရတယ်လို့ သူတို့က ပြောပါတယ်။ 

တချို့သူတွေအတွက် နေရပ်ဆီပြန်လာတာဟာ ဆန္ဒအလျောက် ရွေးချယ်ခဲ့တာမဟုတ်ဘဲ ထိန်းချုပ် လို့ မရနိုင်တဲ့ အခြေအနေတွေကြောင့် ဖြစ်လာခဲ့တာပါ။

အခုအခါ မိသားစုတွေဟာ သူတို့ရဲ့ပစ္စည်းတွေကို သယ်ရင်း အာဖဂန်နစ္စတန်နိုင်ငံဆီအပြန်မှာ ပိုကောင်းတဲ့ အနာဂတ်ကိုရှာဖို့ တချိန်က စွန့်ခွာခဲ့ဖူးတဲ့ နိုင်ငံတခုမှာ ဘဝကို ဘယ်လို ပြန်တည်ဆောက်မလဲဆိုတဲ့ စိန်ခေါ်မှုကြီးတခုနဲ့ ရင်ဆိုင်နေကြရပါတယ်။   

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013