Home
သတင်းဓာတ်ပုံ
နွေဦးတော်လှန်ရေးသူရဲကောင်းများအတွက် တိုကျိုမြို့တွင် ဆုတောင်းပွဲကျင်းပ
ဇော်ဇော်လှိုင်
·
April 18, 2021
175190127_10225969940173086_8844300694052892159_n
173824500_10225969942333140_6318957544553714384_n
173196230_10225969942093134_9214586168551180566_n
172196212_10225969940693099_5813756456775184196_n
170961157_10225969941613122_7303020999227693747_n
173711818_10225969940573096_3989340187756578383_n
173492947_10225969940093084_297460063623162277_n

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ ဝိညာဉ်တွေကို မေတ္တာပို့ ချီးမြောက်တာနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဝတ်ပြုဆုတောင်းတဲ့ အခမ်းအနားကို တိုကျိုမြို့ရှိ အထင်ကရ ဂျပန်ဘုန်းတော်ကြီး ကျောင်းတခုဖြစ်တဲ့ Zojoji ဇိုးဂျိုဂျီကျောင်းမှာ ဧပြီ ၁၈ ရက်နေ့ ညက ကျင်းပပါတယ်။

“မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး  နေ့စဉ်သတ်ဖြတ်ခံနေရတာတွေ ဘုန်ကြီးတို့ကော ဂျပန်ပြည်သူတွေကော ဂျပန်ဘုန်းတော်ကြီးတွေပါ စိတ်မချမ်းမြေ့ကြရဘူး။ ဒါကြောင့်အခုလို စီစဉ်ကျင်းပရတာပါ” လို့ တိုကျိုမှာ သီတင်းသုံးနေတဲ့ ဆရာတော်ဦးဩဘာသက ဒီဗီဘီကို မိန့်ပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ လိုချင်တဲ့ပန်းတိုင်ကို အပြည့်အဝ ရောက်ရှိနိုင်ဖို့ အဆုံးထိ ကြိုးစားကြပါလို့လည်း ဆရာတော်ဦးဩဘာသက မိန့်ကြားပါတယ်။

ဂျပန်နိုင်ငံမှာ သီတင်းသုံးနေထိုင်ကြတဲ့  မြန်မာဘုန်းတော်ကြီး ၃ ပါးနဲ့ အဆိုပါ ဇိုးဂျိုးဂျီကျောင်းမှ ဂျပန်ဘုန်းတော်ကြီးတွေက  နွေဦးတော်လှန်ရေးမှာကျဆုံးခဲ့တဲ့ သူရဲကောင်းတွေ အတွက် ဆုတောင်းရွတ်ဖတ် အမျှပေးဝေခဲ့ကြပါတယ်။

ဆုတောင်းပွဲကို တိုကျိုအခြေစိုက် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းက ဦးဆောင်ကျင်းပခဲ့ပြီး အသင်းကြီးအနေနဲ့ အာဏာသိမ်း စစ်ကောင်စီကြောင့် မြန်မာပြည်သူတွေ ဘေးဒုက္ခရောက်နေတာကို ထပ်တူနားလည် ခံစားနေတယ်ဆိုတာရယ် နွေဦးတော်လှန်ရေး သူရဲကောင်းတွေကို ဂုဏ်ပြုချင်လို့ အခုလိုကျင်းပရတာပါလို့လည်း အသင်းတာဝန်ရှိသူ မခင်မို့မို့ က ပြောပါတယ်။

မြန်မာဘာသာသင်ယူနေတဲ့ ဂျပန်လူမျိုး ခိမူယကလည်း “ကျနော့်သူငယ်ချင်းတွေအများကြီး မြန်မာပြည်မှာရှိတယ်။ သူတို့ဒုက္ခရောက်နေတာတွေကို ကြားသိရပါတယ်။ အဲဒါကြောင့် သူတို့ကော မြန်မာနိုင်ငံရော အမြန်ငြိမ်းချမ်းသာယာပါစေဆိုပြီး လာရောက် ဝတ်ပြုဆုတောင်းခြင်းပြုတာပါ” လို့ ပြောပါတယ်။

ဆုတောင်းပွဲကို ဂျပန်ရောက်မြန်မာတွေနဲ့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ဂျပန်လူမျိုးတွေ စုစုပေါင်း ၁၀၀၀ လောက်  လာရောက်ဆုတောင်းခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024