DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ သိန်း ၃၀ ကျော်၊ ကူးစက်ခံရသူပေါင်း ၁၄၁ သန်းကျော် ရှိလာ
DVB
·
April 18, 2021
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ သိန်း ၃၀ ကျော်၊ ကူးစက်ခံရသူပေါင်း ၁၄၁ သန်းကျော် ရှိလာ
Donate to DVB

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်း သိန်း ၃၀ ကျော် ရှိလာခဲ့ပြီး သိန်းချီသေဆုံးတဲ့ နိုင်ငံ‌ပေါင်း ၈ နိုင်ငံထိ ရှိလာနေပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၁၄၁ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက် ၁၁၉ ဒသမ ၇ သန်းကျော် ရှိနေတာပါ။

ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု အမြင့်ဆုံး နိုင်ငံတွေအနေနဲ့ အမေရိကန်နိုင်ငံက သေ ဆုံးသူ ၅ သိန်း ၈ သောင်းကျော်၊ ရောဂါကူးစက်ခံရသူ ၃၂ သန်းကျော်၊ ဘရာဇီးနိုင်ငံက သေဆုံးသူ ၃ သိန်း ၇ သောင်းနီးပါး၊ ရောဂါကူးစက်ခံရသူ ၁၃ ဒသမ ၈ သန်းကျော်၊ မက္က ဆီကိုနိုင်ငံက သေဆုံးသူ ၂ သိန်းကျော်၊ ရောဂါကူးစက်ခံရသူ ၂ ဒသမ ၃ သန်းနီးပါးနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ ရပ်တည်နေပါတယ်။

အဲဒီနောက်မှာတော့ အိန္ဒိယနိုင်ငံက သေဆုံးသူ ၁ သိန်း ၇ သောင်းကျော်၊ ရောဂါ ကူးစက်ခံရသူ ၁၄ ဒသမ ၇ သန်းကျော်၊ ယူကေနိုင်ငံက သေဆုံးသူ ၁ သိန်း ၂ သောင်း ကျော်၊ ရောဂါကူးစက်ခံရသူ ၄ ဒသမ ၃ သန်းကျော်၊ အီတလီနိုင်ငံက သေဆုံးသူ ၁ သိန်း ၁ သောင်းကျော်၊ ရောဂါကူးစက်ခံရသူ ၃ ဒသမ ၈ သန်းကျော်၊ ရုရှားနိုင်ငံက သေဆုံးသူ ၁ သိန်းကျော်၊ ရောဂါ ကူးစက်ခံရသူ ၄ ဒသမ ၆ သန်းကျော်၊ ပြင်သစ်နိုင်ငံက သေဆုံးသူ ၁ သိန်းကျော်၊ ရောဂါကူးစက်ခံရသူ ၅ ဒသမ ၂ သန်းကျေိာ်စီနဲ့ ရှိနေတာပါ။

ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့ တဲ့ နိုင်ငံပေါင်းကတော့ ၂၄ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော် ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၉ သောင်းကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၉၅ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါ သန်းချီကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် အီရတ်နဲ့ ဖိလစ်ပိုင်နိုင်ငံ တွေက ရောဂါကူးစက်ခံရသူဦးရေ ၉ သိန်းကျော်စီ၊ အစ္စရေးနိုင်ငံက ၈ သိန်းကျော်၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ရောဂါကူးစက်ခံရသူဦးရေ ၇ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာပါ။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၂,၆၁၉ ယောက်၊ သေဆုံးသူ ၃,၂၀၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၃၁,၈၈၉ ယောက်ရှိနေပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃ သိန်း ၇ သောင်းကျော်နဲ့ သေဆုံးသူ ၁,၃၇၀ ယောက် ရှိပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်းကျော်နဲ့ သေ ဆုံးသူအရေအတွက်အယောက် ၃၀ ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၄ သောင်းကျော်နဲ့ သေဆုံးသူ ၉၉ ယောက် ရှိနေပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၅,၇၇၁ ယောက်နဲ့ သေဆုံးသူ ၃၉ ယောက်ရှိလာခဲ့ပြီဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှာတော့ ရော ဂါကူးစက်ခံရသူ အရေအတွက် ၂,၇၈၀ ယောက်နဲ့ သေဆုံးသူအရေအတွက် ၃၅ ယောက် ရှိနေတာပါ။

လာအိုနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၅၈ ယောက် ရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013